Question stringlengths 15 160 | Answer stringlengths 4 3k | Metadata stringclasses 15
values |
|---|---|---|
မျောက်ကျောက်ရောဂါဆိုတာဘာလဲ? | မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက် (Monkeypox) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါသည်။ တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်စေနိုင်တဲ့ တိရစ္ဆာန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်သလို လူအချင်းချင်းကိုလည်း ကူးစက်ပြန့်ပွားစေပါသည်။ | https://www.who.int/myanmar/emergencies/mpox |
မျောက်ကျောက်ရောဂါကို ဘယ်နေရာတွေမှာ တွေ့နိုင်သလဲ? | မျောက်ကျောက်ဗိုင်းရပ်စ်ပိုးတွေကို သယ်ဆောင်ထားတဲ့တိရစ္ဆာန်များ ကျက်စားရာ အပူပိုင်း မိုးသစ်တော ရာသီဥတုရှိသည့် အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသတွေမှာ ၎င်းရောဂါကို အတွေ့များပါသည်။ အခြားသောနိုင်ငံများမှ မျောက်ကျောက်ရောဂါဖြစ်ပွားသူများသည် ၎င်းရောဂါ အဖြစ်များသော အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်း ဒေသများသို့ သွားရောက်ခဲ... | https://www.who.int/myanmar/emergencies/mpox |
မျောက်ကျောက်ရောဂါ လက္ခဏာတွေက ဘာတွေလဲ? | ရောဂါလက္ခဏာအနေဖြင့် ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိပ် (Lymph node) များ ရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း သို့မဟုတ် အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်းတို့ကို အများစုတွေ့ရတတ်ပါသည်။ အနီကွက်များကို စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတ... | https://www.who.int/myanmar/emergencies/mpox |
မျောက်ကျောက်ရောဂါကြောင့် သေဆုံးနိုင်သလား? | လူနာအများစုသည် ရက်သတ္တပါတ်အနည်းငယ်အတွင်း၌ ရောဂါလက္ခဏာများ ပျောက်ကင်းသွားနိုင်သလို လူတစ်ချို့မှာတော့ နောက်ဆက်တွဲ ရောဂါဆိုးကျိုးများဖြစ်ပွားပြီး သေဆုံးသည်အထိလည်း ဖြစ်နိုင်ပါသည်။ မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ခုခံအားကျဆင်းနေသည့်သူများသည် မျောက်ကျောက်ရောဂါကြောင့် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနိုင်ရချေရှိပြ... | https://www.who.int/myanmar/emergencies/mpox |
မျောက်ကျောက်ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့် လူသို့ ဘယ်လိုကူးစက်စေတာလဲ? | မျောက်ကျောက်ရောဂါသည် ရောဂါကူးစက်ခံထားရသည့် တိရစ္ဆာန်ကို ကိုင်တွယ်ထိတွေ့ခြင်းမှ လူသို့ ကူးစက်စေပါသည်။ ရှဉ့်၊ ကြွက်စသည့် ရှေ့သွားဖြင့်ကိုက်ဖြတ်တတ်သော တိရိစ္ဆာန်များနှင့် အဆင့်မြင့်နို့တိုက် သတ္တဝါများ (လူ၊ လူဝံ၊ မျောက်စသည်) တို့သည် ရောဂါပိုး လက်ခံသယ်ဆောင်သူများဖြစ်ပါသည်။ မျောက်ကျောက်ရောဂါ ဖြစ်ပွားခံရမှုမှ လျော့ချနိုင်ရန်... | https://www.who.int/myanmar/emergencies/mpox |
မျောက်ကျောက်ရောဂါသည် လူတစ်ဦးမှ အခြားတစ်ဦးသို့ မည်သို့ကူးစက်ပျံ့နှံ့ သနည်း? | မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည့် လူတစ်ဦးသည် ရောဂါလက္ခဏာခံစားနေရချိန် (ပုံမှန်အားဖြင့် (၂) ပတ်မှ (၄) ပတ်အတွင်း) တွင် အခြားသူကို ကူးစက်စေနိုင်ပါသည်။ ရောဂါလက္ခဏာခံစားနေသည့်သူကို အနီးကပ် ကိုင်တွယ်ထိတွေ့ခြင်းမှ ရောဂါကူးစက်ခံရနိုင်ပါသည်။ အထူးသဖြင့် အနီကွက်၊ ခန္ဓာကိုယ်မှ ထွက်သောအရည်များ (အရည်ပြား အဖုအပိန့်မှ ထွက်သောအရည်၊ ပြည်... | https://www.who.int/myanmar/emergencies/mpox |
ဘယ်သူတွေမှာ မျောက်ကျောက်ရောဂါကူးစက်ခံရနိုင်ခြေပိုများပါသလဲ? | မည်သူမဆို မျောက်ကျောက်ရောဂါ လက္ခဏာများခံစားနေရသည့် လူများနှင့် အနီးကပ်ကိုင်တွယ်ထိတွေ့ခြင်း သို့မဟုတ် ရောဂါကူးစက်ခံထားရသည့်တိရစ္ဆာန်များအား ကိုင်တွယ်ထိတွေ့ခြင်းရှိသူများသည် ရောဂါကူးစက်ခံရနိုင်ခြေ အများဆုံးဖြစ်ပါသည်။ ကျောက်ကြီးရောဂါကာကွယ်ဆေး ထိုးထားသူများသည် မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ တစိတ်တပိုင်းကာကွယ်မှုရရှိနိုင်... | https://www.who.int/myanmar/emergencies/mpox |
မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ မိမိကိုယ်တိုင်နှင့် အခြားသူများကို ဘယ်လို ကာကွယ်မလဲ? | သံသယ သို့မဟုတ် အတည်ပြု မျောက်ကျောက်ရောဂါဖြစ်ပွားနေသူများနှင့် ကိုင်တွယ်ထိတွေ့မှုကို ကန့်သတ်ခြင်းဖြင့် ကူးစက်ခံရနိုင်ခြေကို လျှော့ချနိုင်ပါသည်။
အကယ်၍ သင်ကိုယ်တိုင်သည် ကျန်းမာရေးဝန်ထမ်း သို့မဟုတ် အတူနေမိသားစုဝင်ဖြစ်ပြီး မျောက်ကျောက်ရောဂါလူနာကို ကိုင်တွယ်ထိတွေ့ရမည်ဆိုလျှင် ရောဂါဖြစ်ပွားနေသူကို သီးခြား နေထိုင်စေခြင်းနှင့်... | https://www.who.int/myanmar/emergencies/mpox |
ကလေးငယ်များ မျောက်ကျောက်ရောဂါ ကူးစက်ခံရနိုင်လား? | ကလေးငယ်များသည် လူငယ်လူရွယ်များနှင့် လူကြီးများထက် ရောဂါလက္ခဏာ ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါသည်။ ရောဂါပိုးသည် သန္ဓေသား သို့မဟုတ် မွေးကင်းစ ကလေးငယ်မွေးဖွားသည့်အချိန် သို့မဟုတ် မွေးကင်းစကလေးငယ်များအား ကနဦး ကိုင်တွယ်ထိတွေ့ခြင်းစသည်တို့မှ ကူးစက်နိုင်ပါသည်။ | https://www.who.int/myanmar/emergencies/mpox |
မိမိကိုယ်တိုင် မျောက်ကျောက်ရောဂါခံစားနေရသည်ဟု သံသယရှိပါက ဘာတွေလုပ်ဆောင်သင့်ပါသလဲ? | သင်ကိုယ်တိုင် ရောဂါလက္ခဏာခံစားနေရခြင်း သို့မဟုတ် မျောက်ကျောက်ရောဂါဖြစ်နေသော လူတစ်ယောက်နှင့် ကိုင်တွယ်ထိတွေ့ခဲ့သည်ဟု သံသယရှိပါက ကျန်းမာရေးဝန်ထမ်းထံမှ အကူအညီတောင်းခံပြီး ဓါတ်ခွဲစမ်းသပ်ခြင်းနှင့် ဆေးကုသမှုခံယူပါ။ ဖြစ်နိုင်ပါက မိမိကိုယ်တိုင် သီးခြားနေထိုင်ခြင်းနှင့် အခြားသူများကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ လက်ကို ပုံမှန်... | https://www.who.int/myanmar/emergencies/mpox |
မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးရှိသလား? | ကျောက်ကြီးရောဂါ (smallpox) ကာကွယ်ဆေးတော်တော်များများသည် မျောက်ကျောက်ရောဂါ ကူးစက်မှုမှ တစ်စိတ်တစ်ဒေသကာကွယ်မှု ပေးနိုင်ပါသည်။ ကျောက်ကြီးရောဂါကို ကာကွယ်ရန်အတွက် ထုတ်လုပ်ထားသည့် ကာကွယ်ဆေးအသစ်တစ်မျိုး (MVA-BN, Imvamune, Imvanex of Jyynneo) သည် မျောက်ကျောက်ရောဂါ ကူးစက်ခြင်းမှကာကွယ်ရန် ၂၀၁၉ ခုနှစ်တွင် ခွင့်ပြုချက်ရရှိထားသော်လ... | https://www.who.int/myanmar/emergencies/mpox |
မျောက်ကျောက်ရောဂါကုသနိုင်သည့် ဆေးရှိသလား? | မျောက်ကျောက်ရောဂါလက္ခဏာတွေဟာ ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတတ်ပါသည်။ ဖြစ်နိုင်ပါက အရေပြားအဖုအပိန့်များကို ခြောက်သွေ့အောင်ထားခြင်း သို့မဟုတ် လိုအပ်ပါက အနာများကို ဆေးထည့်ပေးခြင်းဖြင့်တို့ကလည်း အရေးကြီးပါသည်။ ပါးစပ်ထဲ သို့မဟုတ် မျက်လုံးထဲမှ အနာများကို ကိုင်တွယ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ စတီးရိုက်ပါဝင်သော ဆေးအမျိုးစား... | https://www.who.int/myanmar/emergencies/mpox |
လက်ရှိကမ္ဘာမှာ မျောက်ကျောက်ရောဂါ အန္တရာယ်ရှိနိုင်သည့်နေရာက ဘယ်မှာလဲ? | ၁၉၇၀ ခုနှစ်မှစ၍ ဖော်ပြပါ အာဖရိကနိုင်ငံ (၁၁) နိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုရှိသည်ကို အချက်အလက်များအရ သိရှိခဲ့ပါသည်။ ၎င်းတို့မှာ (ဘီနင်၊ ကင်မရွန်း၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဂါဘွန်၊ ကော့ဒီအိုင်ဗွိုင်ယာ၊ လိုက်ဘေးရီးယား၊ နိုင်ဂျီးရီးယား၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဆီရာရာလီယွန် နှင့် တောင်... | https://www.who.int/myanmar/emergencies/mpox |
နိုင်ငံအများအပြားတွင် ၂၀၂၂ ခုနှစ် မေလမှ စတင်၍ တွေ့ရှိသော မျောက်ကျောက်ရောဂါ အစုလိုက် အပြုံလိုက် ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဘာတွေသိထားလဲ? | ယခင်က မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုနည်းသည့်နိုင်ငံ အများအပြားသည် ၂၀၂၂ ခုနှစ် မေလမှ စတင်၍ ရောဂါဖြစ်ပွားမှုများကို စတင်သတင်းပေးပို့ခဲ့သည်။ ၂၀၂၂ ခုနှစ် မေလ ၁၉ ရက်နေ့အထိ ရောဂါဖြစ်ပွားမှုနည်းသည့် (၁၀) နိုင်ငံနှင့်အထက်သည် မျောက်ကျောက်ရောဂါ ဖြစ်ပွားနေမှုအား ဆက်လက် သတင်းပေးပို့ခဲ့ပါသည်။ ထပ်မံဖြစ်ပွားသူများကိုလည်း ဆက်လက်စုံစမ်း... | https://www.who.int/myanmar/emergencies/mpox |
မျောက်ကျောက်ရောဂါသည် ပိုမိုကျယ်ပြန့်ကြီးမားတဲ့ အစုလိုက်အပြုံလိုက်ရောဂါဖြစ်ပွားနိုင်သော အန္တရာယ်ရှိပါသလား? | မျောက်ကျောက်ရောဂါသည် လူတို့အကြားတွင် ကူးစက်ပျံ့နှံ့ရန်အတွက် ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ဆက်ဆံရန် လိုအပ်သောကြောင့် (ဥပမာ-အရေပြားခြင်းထိတွေ့ခြင်း လိုအပ်သောကြောင့်) ကူးစက်နိုင်ခြေ အလွန်မြင့်မားသည်ဟု မယူဆပါ။ အများပြည်သူအတွက် ကူးစက်နိုင်သောအန္တရာယ် နည်းပါးပါသည်။ မျောက်ကျောက်ရောဂါကို ဦးစားပေးရောဂါပိုးတစ်ခုအဖြစ် ကမ္ဘာ့က... | https://www.who.int/myanmar/emergencies/mpox |
မျောက်ကျောက်ရောဂါပိုးသည် လိင်မှတစ်ဆင့် ကူးစက်နိုင်ပါသလား? | မျောက်ကျောက်ရောဂါသည် လိင်ဆက်ဆံမှုအပါအဝင် လူတစ်ဦးမှတစ်ဦး အနီးကပ် ထိတွေ့ဆက်ဆံခြင်းမှ ကူးစက်နိုင်ပါသည်။ မျောက်ကျောက်ရောဂါသည် လိင်ဆက်ဆံမှုလမ်းကြောင်း (သုတ်ရည် သို့မဟုတ် မိန်းမကိုယ်အရည်) မှတစ်ဆင့် ကူးစက်နိုင်ခြင်း ရှိ/မရှိ ဆိုသည်ကို လတ်တလောအချိန်တွင် မသိနိုင်သေးသော်လည်း လိင်ဆက်ဆံစဉ်အတွင်း ခန္ဓာကိုယ်ရှိအနာနှင့် အရေပြားကို တိ... | https://www.who.int/myanmar/emergencies/mpox |
အမျိုးသားခြင်း လိင်တူဆက်ဆံပါက မျောက်ကျောက်ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများသပါလား? | မျောက်ကျောက်ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ အနီးကပ် ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ လိင်မှုပိုင်းဆိုင်ရာ တက်ကြွနေသူများ သို့မဟုတ် လိင်တူဆက်ဆံသော အမျိုးသားများတွင်သာ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပေါနိုင်ခြေရှိသည် မဟုတ်ပါ။ ရောဂါပိုးရှိသူနှင့်ထိတွေ့မိသူတိုင်း ရောဂါဖြစ် ပွားနိုင်သော အန္တရာယ်ရှိပါသည်။ မျောက်ကျောက်ရောဂါ... | https://www.who.int/myanmar/emergencies/mpox |
အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် မျောက်ကျောက်ရောဂါနှင့်ပတ်သက်သော ကဲ့ရဲ့အပြစ်တင်၍ နှိမ်ချဆက်ဆံသည့်သတင်းများကို ကမ္ဘာ့ကျန်းမားရေးအဖွဲ့မှ မည်သို့တုံ့ပြန်လိုပါသလဲ? | မျောက်ကျောက်ရောဂါ အစုလိုက် အပြုံလိုက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ လူအုပ်စုတစ်ချို့တို့ကို နှိမ်ချ ဆက်ဆံသည့်သတင်းများ၊ ပြောဆိုမှုများကို မြင်တွေ့နေရပါသည်။ ထိုသတင်းများသည် မှန်ကန်မှု လုံးဝ မရှိပါ။ ပထမဆုံးအချက်အနေနှင့် မျောက်ကျောက်ရောဂါရှိသူနှင့် ရုပ်ပိုင်းဆိုင်ရာ အနီးကပ်ထိတွေ့ ဆက်ဆံဖူးသူတိုင်းသည် ရောဂါကူးစက်နိုင်ခြေရှိပါသည်။ ... | https://www.who.int/myanmar/emergencies/mpox |
ဤရောဂါကို ဘာကြောင့် မျောက်ကျောက်ရောဂါဟု ခေါ်ဆိုတာပါလဲ? | ၁၉၅၈ ခုနှစ်တွင် သုတေသနပြုလုပ်ရန် သိမ်းဆည်းထားသည့် မျောက်အုပ်စုများတွင် ပထမဆုံးတွေ့ရှိခဲ့သည့်အတွက် မျောက်ကျောက်ရောဂါဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ ၎င်းကို ၁၉၇၀ ပြည့်နှစ်များတွင် လူသားများ၌ စတင်တွေ့ရှိခဲ့ပါသည်။ | https://www.who.int/myanmar/emergencies/mpox |
မျောက်ကျောက်ရောဂါ သတိပြုပါ | အာဖရိကဒေသတွင် မျောက်ကျောက်ရောဂါ ကူးစက်မှုများကြောင့် ပိုမိုကူးစက်မြန်ပြီး ပြင်းထန်သည့် ဗိုင်းရပ်စ်မျိုးကွဲထွက်ပေါ်နေသဖြင့် အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက သြဂုတ်လ ၁၃ ရက်နေ့တွင် အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့သည်။ ရောဂါဖြစ်ပွားမှု သိသိသာသာတိုးလာပြီး ကွန်ဂိုတွင် ယခုနှစ်စကတည်းက မျောက်ကျောက်ရောဂါ ကူးစက်ခံရသူပေါင်း ၁... | https://www.moi.gov.mm/article/60581 |
WHO အထူးအလေးထားရသော မျောက်ကျောက်ရောဂါ | အာဖရိကတိုက် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုများနှင့်ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က နိုင်ငံတကာကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သြဂုတ်လ ၁၄ ရက်နေ့တွင်ကြေညာခဲ့သည်။ အာဖရိကကို ကျော်လွန်ကာ ရောဂါကူးစက်လာနိုင်ခြေသည် အလွန်စိုးရိမ်စရာဖြစ်ပြီး ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်ကာ လူ့အသက်မျ... | https://www.moi.gov.mm/article/60582 |
Monkey ကနေ mpox လို့ ဘာလို့ခေါ်တာလဲ | မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုအစောပိုင်းကာလတွင် အာဖရိကတိုက်တွင်သာ တွေ့ရလေ့ရှိသော်လည်း ယခုအခါ ယခင်ကဖြစ်ပွားခဲ့ခြင်းမရှိသော နိုင်ငံအချို့သို့ စတင်ပျံ့နှံ့လျက်ရှိသည်။ ကူးစက်မှုသိသိသာသာမြင့်တက်ခဲ့ပြီး နောက် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် WHO က နိုင်ငံတကာ စိုးရိမ်ဖွယ်အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေ... | https://www.moi.gov.mm/article/60583 |
မျောက်ကျောက်ရာဇဝင် | ၁၉၅၈ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံကိုပင်ဟေဂင်မြို့ရှိ ဓာတ်ခွဲခန်းက မျောက်များတွင် ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးစတင်တွေ့ရှိခဲ့သဖြင့် Monkeypox (မျောက်ကျောက်ရောဂါ)ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရှားပါးကူးစက် ရောဂါတစ်မျိုးဖြစ်သော မျောက်ကျောက်ရောဂါသည် အာဖရိကတိုက်ကွန်ဂိုနိုင်ငံ ၎င်းဒေသအလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံရှိ အ... | https://www.moi.gov.mm/article/60584 |
၂၀၂၂ ခုနှစ်အတွင်း မျောက်ကျောက်ရောဂါ | ၂၀၂၂ ခုနှစ်အတွင်း အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းတို့တွင်သာမက ဥရောပ၊ မြောက်အမေရိကနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကူးစက်ပျံ့နှံ့ လာပြီဖြစ်သည်။ မူရင်းတွေ့ရှိခဲ့သော မျောက်ကျောက်ရောဂါသည် ရောဂါပိုးရှိသော လူ သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် အရာဝတ္ထုပစ္စည်းများနှင့် အနီးကပ်ထိတွေ့ခြင်း၊ ကိုင်တွယ်ခြင်းဖြင့် ကူးစက်နိုင်သည်။ ထိုကာ... | https://www.moi.gov.mm/article/60585 |
မျောက်ကျောက်ရောဂါ၏ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ
| မျောက်ကျောက်ရောဂါ၏ ထူးခြားချက်က ပေါင်ခြံ၊ ချိုင်း၊ လည်ပင်း စသည့်နေရာများတွင် အကျိတ်များ ထွက်ပေါ်လာသည်။ ရောဂါလက္ခဏာများမှာ ရေကျောက်ရောဂါနှင့် ဆင်တူသည်။ အပြင်ပန်းအားဖြင့်ကြည့်လျှင် ရေကျောက်နှင့် မျောက်ကျောက်ရောဂါတို့သည် အရည်ကြည်ဖုပေါက်ခြင်းက တူသယောင်ထင်ရသော်လည်း ရေကျောက်ဖုများသည် ပေါက်သည်က ပေါက်၊ ပျောက်သည်က ပျောက်၊ ညှိုး... | https://www.moi.gov.mm/article/60586 |
Mpox ရောဂါလက္ခဏာများ | Mpox ရောဂါလက္ခဏာများအနေနှင့် ဖျားနာခြင်း ၆၂ ရာခိုင်နှုန်း၊ ပြန်ရည်ကျိတ်ရောင်ရမ်းခြင်း ၅၂ ရာခိုင်နှုန်း၊ ပင်ပန်းနွမ်းနယ်ခြင်း ၄၂ ရာခိုင်နှုန်း၊ ကြွက်သားများနာကျင်ခြင်း ၃၁ ရာခိုင်နှုန်း၊ ခေါင်းကိုက်ခြင်း ၂၇ ရာခိုင်နှုန်း၊ လည်ချောင်းနာခြင်း ၂၁ ရာခိုင်နှုန်းဖြစ်ပေါ်ခံစားရတတ်ကြောင်း သိရသည်။ စအိုနှင့်စအိုဝရောင်ရမ်းမှုကိုလည်း... | https://www.moi.gov.mm/article/60587 |
Mpox သက်သာခြင်း | ဖျားပြီးနောက် တစ်ရက်မှ ငါးရက်ခန့်အကြာ ခန္ဓာကိုယ်၌ အနီစက် သို့မဟုတ် အနီပြင်များဖြစ်ပေါ်ခြင်း၊ အရည်ဖုများ၊ ပြည်ဖုများ စသည်ဖြင့် အဆင့်ဆင့်ဖြစ်ပေါ်ပြီးနောက် အနာများဖြစ်ပေါ်ကာ နောက်ဆုံးတွင် အနာများပျောက်ကင်းသွားပြီး အမာရွတ်အဖြစ် ကျန်ခဲ့နိုင်ပါသည်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC)၏ အဆိုအရ လူအများစုသည် Mpo... | https://www.moi.gov.mm/article/60588 |
မျောက်ကျောက်ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ | မျောက်ကျောက်ရောဂါသည် တိရစ္ဆာန်မှ လူကိုကူးစက်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်ခြင်း၊ အရေပြားမှတစ်ဆင့် ကူးစက်ခြင်းအပြင် ရောဂါရှိသူနှင့် အနီးကပ်စကားပြောခြင်း၊ အနီးကပ်နေထိုင်ခြင်း၊ အနီးကပ်အသက်ရှူခြင်းစသော အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားနှင့် အရည်များမှတစ်ဆင့်လည်း ကူးစက်တတ်သည်။ ထို့ပြင် ရောဂါပိုးရှိသော တိရစ္ဆာန်မှသော်လည်းက... | https://www.moi.gov.mm/article/60589 |
မျောက်ကျောက်ရောဂါ ကာကွယ်နိုင်မည့် နည်းလမ်းများ | မျောက်ကျောက်ရောဂါသည် ကူးစက်ရောဂါဖြစ်သည့်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုက အထူးအရေးကြီးသည်။ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်တတ်သူများအတွက် မျောက်ကျောက်ရောဂါကို ကာကွယ်ရန် မခဲယဉ်းလှပေ။ (က) Mpox ရောဂါလက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ၊ (ခ) လက်ကို ဆပ်ပြာနှင့်ရေ သို့မဟုတ် အယ်လ်ကိုဟော အနည်းဆုံ... | https://www.moi.gov.mm/article/60590 |
မျောက်ကျောက်ရောဂါ vaccine | မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ နိုင်ငံအများစု၌ ကျန်းမာရေးဝန်ထမ်းများအား ရောဂါပိုးရှိသူနှင့် မထိတွေ့ခင် သို့မဟုတ် ထိတွေ့ပြီးနောက် ကျောက်ကြီး ရောဂါကာကွယ်ဆေး (Small Pox)ကို ထိုးနှံထားကြရန် အကြံပြုတိုက်တွန်းထားသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စုအပါအဝင် တိုးတက်ဖွံ့ဖြိုးပြီးသော အနောက်နိုင်ငံတချို့၌ ကာကွယ်ဆေးကို အများပြည်သူတို့... | https://www.moi.gov.mm/article/60591 |
မျောက်ကျောက်ရောဂါအနှစ်ချုပ် | အချုပ်ဆိုရသော် ကမ္ဘာကြီးသည် အကျပ်အတည်းပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသော်လည်း နောက်ပိုင်းတွင် နိုင်ငံအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်ခဲ့သည်။ လက်ရှိတွင်လည်း ကိုဗစ်ကပ်ရောဂါနှင့် အသားကျနေပြီဖြစ်သော ကမ္ဘာကြီးသည် မျောက်ကျောက်ရောဂါကို အလိုက်သင့် ခုခံနိုင်မည်သာဖြစ်သည်။ သို့သော် ယခု တစ်ကျော့ပြန် အလေးထားန... | https://www.moi.gov.mm/article/60592 |
နိုင်ငံတကာကျန်းမာရေး အရေးပေါ်အခြအနေဖြစ်လာသည့် မျောက်ကျောက် အကြောင်းပြောပြပါ။ | မျောက်ကျောက်ရောဂါသည် နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့နိုင်သည့် အလားအလာများ ဖြစ်ပေါ်နေခြင်းကြောင့် နိုင်ငံတကာကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဩဂုတ် ၁၄ ရက်တွင် ကြေညာလိုက်သည်။ ၂၀၂၂ ခုနှစ်အတွင်းကလည်း မျောက်ကျောက်ရောဂါကို အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပြီး တစ်နှစ်ခန့်အကြာတွင် ပြီးဆုံး... | https://myanmar.gov.mm/en/news-media/-/asset_publisher/Jb7SCMXVsWI1/content/%25E1%2580%2594%25E1%2580%25AD%25E1%2580%25AF%25E1%2580%2584%25E1%2580%25BA%25E1%2580%2584%25E1%2580%25B6%25E1%2580%2590%25E1%2580%2580%25E1%2580%25AC%25E1%2580%2580%25E1%2580%25BB%25E1%2580%2594%25E1%2580%25BA%25E1%2580%25B8%25E1%2580%2599%25E... |
မျောက်ကျောက်ရောဂါ ကူးစက်ခံရနိုင်ခြေကို ဘယ်လိုလျှော့ချနိုင်သလဲ? | သံသယ သို့မဟုတ် အတည်ပြု မျောက်ကျောက်ရောဂါဖြစ်ပွားနေသူများနှင့် ကိုင်တွယ်ထိတွေ့မှုကို ကန့်သတ်ခြင်းဖြင့် ကူးစက်ခံရနိုင်ခြေကို လျှော့ချနိုင်ပါသည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါလူနာကို ကိုင်တွယ်ရာတွင် ဘာတွေလုပ်ဆောင်သင့်သလဲ? | ရောဂါဖြစ်ပွားနေသူကို သီးခြားနေထိုင်စေခြင်း၊ အရေပြားအဖုအပိန့်များကို ဖုံးအုပ်ခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်စေခြင်း၊ အရေပြားခြင်း ထိတွေ့ခြင်းကို ရှောင်ကြဉ်ခြင်း၊ လိုအပ်ပါက တစ်ခါသုံး လက်အိတ်များ အသုံးပြုခြင်းတို့ကို လုပ်ဆောင်သင့်သည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါလူနာနှင့် ထိတွေ့ပြီးနောက် လက်ကို ဘယ်လိုသန့်စင်သင့်သလဲ? | လက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် အယ်ကိုဟောပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် ပုံမှန်ဆေးကြောသင့်သည်။ | Annotated by Min Si Thu |
လူနာ၏ အသုံးအဆောင်ပစ္စည်းများကို ဘယ်လိုသန့်ရှင်းရမလဲ? | လူနာ၏ အဝတ်အစား၊ မျက်နာသုတ်ပုဝါ၊ အိပ်ယာခင်း နှင့် စားသောက်သည့်အခါ သုံးစွဲသည့် အသုံးအဆောင်များ၊ ပစ္စည်းများကို ရေနွေး၊ ဆပ်ပြာတို့ဖြင့် လျှော်ဖွတ်သင့်သည်။ | Annotated by Min Si Thu |
ရောဂါပိုးကပ်ညှိနေနိုင်သည့် မျက်နှာပြင်များကို ဘာလုပ်သင့်သလဲ? | ရောဂါပိုးကပ်ညှိနေနိုင်သည့် မျက်နှာပြင်များကို ပိုးသတ်ပြီး သန့်ရှင်းအောင် ထားသင့်သည်။ | Annotated by Min Si Thu |
ရောဂါပိုးကပ်ညှိနေနိုင်သည့် စွန့်ပစ်ပစ္စည်းများကို ဘယ်လိုကိုင်တွယ်သင့်သလဲ? | ရောဂါပိုး ကပ်ညှိနေနိင်သည့် စွန့်ပစ်ပစ္စည်းများ (ဥပမာ- အနာဆေးထည့်သည့်ဂွမ်း) စသည်တို့ကို စနစ်တကျ စွန့်ပစ်သင့်သည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါကို ဘယ်နှစ်မှာ စတင်တွေ့ရှိခဲ့သလဲ? | မျောက်ကျောက်ရောဂါကို ၁၉၅၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါကို ဘယ်နေရာမှာ စတင်တွေ့ရှိခဲ့သလဲ? | ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ ဓာတ်ခွဲခန်းတွင် စတင်တွေ့ရှိခဲ့သည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါကို လူသားများတွင် ဘယ်နှစ်မှာ စတင်တွေ့ရှိခဲ့သလဲ? | လူသားများတွင် ၁၉၇၀ ပြည့်လွန်နှစ်များက စတင်တွေ့ရှိခဲ့သည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ လူသားများတွင် စတင်ဖြစ်ပွားခဲ့သော နေရာဒေသက ဘယ်နေရာတွေလဲ? | အာဖရိကတိုက် ကွန်ဂိုနိုင်ငံ၏ အလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံရှိ အပူပိုင်းမိုးသစ်တောများတွင် စတင်ဖြစ်ပွားခဲ့သည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ ပြန်လည်ပေါ်ထွန်းလာခဲ့သော နှစ်နှင့် နေရာများကို ဖော်ပြပါ။ | ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် တောင်ဆူဒန်နှင့် အခြားအာဖရိကနိုင်ငံများ၌ ပြန်လည်ပေါ်ထွန်းလာခဲ့သည်။ | Annotated by Min Si Thu |
အမေရိကန်ပြည်ထောင်စုတွင် မျောက်ကျောက်ရောဂါ စတင်ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို ဖော်ပြပါ။ | ၂၀၀၃ ခုနှစ် မေလတွင် အမေရိကန်ပြည်ထောင်စု ဝစ္စကိုဆင်ပြည်နယ်မှ ကလေးငယ်တစ်ဦး ခွေးကိုက်ခံရပြီးနောက် ထိုရောဂါကူးစက်ခံခဲ့ရသည်။ | Annotated by Min Si Thu |
အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့သော မျောက်ကျောက်ရောဂါ၏ ဇစ်မြစ်က ဘာလဲ? | ဂါနာနိုင်ငံမှ တင်သွင်းသောကြွက်များကို ရောင်းချသည့် အိမ်မွေးတိရစ္ဆာန်စတိုးဆိုင်မှ စတင်ဖြစ်ပွားသည်ဟု ဆိုကြသည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ၏ အဓိကလက္ခဏာများမှာ အဘယ်နည်း? | ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိပ် (Lymph node) များ ရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း သို့မဟုတ် အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်းတို့ ဖြစ်သည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါဖြစ်နေစဉ် အရေပြားပေါ်တွင် အနီကွက်များ ဘယ်အချိန်မှာ စတင်တွေ့ရတတ်သလဲ? | အနီကွက်များကို စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း တွေ့ရလေ့ရှိပါသည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါဖြစ်နေစဉ် အရေပြားပေါ်တွင် ဘယ်လိုပုံစံများ တွေ့ရတတ်သလဲ? | အဖုအပိန့်များအနေဖြင့်လည်းကောင်း၊ အရည်ကြည် သို့မဟုတ် အဝါရောင်အရည်များပြည့်နေသည့် အရည်ကြည်ဖု၊ ပြည်ဖု အနေအထားဖြင့်လည်းကောင်း တွေ့ရှိရပါသည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါဖြစ်နေစဉ် အဖုအပိန့်များ ဘယ်လိုပြောင်းလဲသွားတတ်သလဲ? | အရည်ကြည်ဖုများသည် ပေါက်ပီး ခြောက်သွေ့ကာ အနာဖေးအနေဖြင့် ကွာကျသွားပါလိမ့်မည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါဖြစ်နေစဉ် အဖုအပိန့်များကို အများဆုံး ဘယ်နေရာတွေမှာ တွေ့ရတတ်သလဲ? | အဖုအပိန့်အများစုကို မျက်နှာ၊ လက်ဖဝါးနှင့် ခြေဖဝါးတို့မှာ တွေ့ရတတ်ပါသည်။ ၎င်းတို့ကို ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတွင်လည်း တွေ့ရတတ်ပါသည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါဖြစ်နေစဉ် ရောဂါလက္ခဏာများ ပျံ့နှံ့နေသည့် ကာလက ဘယ်လောက်ကြာတတ်သလဲ? | အများအားဖြင့် ရောဂါလက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိ ကြာတတ်ပါသည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ သံသယရှိပါက ဘာလုပ်သင့်သလဲ? | သင့်တွင် မျောက်ကျောက်ရောဂါနှင့်တူသော လက္ခဏာများ ခံစားနေရသည်ဟု သံသယရှိပါက ကျန်းမာရေးဝန်ထမ်းများထံမှ အကြံဉာဏ်ကိုရယူသင့်ပါသည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါလူနာနှင့် ထိတွေ့ခဲ့ပါက ဘာလုပ်သင့်သလဲ? | သံသယ သို့မဟုတ် အတည်ပြု မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည့်လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ကျန်းမာရေးဝန်ထမ်းများကို အသိပေးသင့်ပါသည်။ | Annotated by Min Si Thu |
ကျောက်ကြီးရောဂါ (smallpox) ကာကွယ်ဆေးများသည် မျောက်ကျောက်ရောဂါကို မည်သို့ကာကွယ်နိုင်သနည်း? | ကျောက်ကြီးရောဂါ ကာကွယ်ဆေးတော်တော်များများသည် မျောက်ကျောက်ရောဂါ ကူးစက်မှုမှ တစ်စိတ်တစ်ဒေသကာကွယ်မှု ပေးနိုင်ပါသည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါအတွက် ခွင့်ပြုချက်ရရှိထားသော ကာကွယ်ဆေးအသစ်၏ အမည်က ဘာလဲ? | MVA-BN, Imvamune, Imvanex of Jyynneo ဟုခေါ်သော ကာကွယ်ဆေးအသစ်တစ်မျိုးသည် မျောက်ကျောက်ရောဂါ ကူးစက်ခြင်းမှကာကွယ်ရန် ၂၀၁၉ ခုနှစ်တွင် ခွင့်ပြုချက်ရရှိထားပါသည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါအတွက် ကာကွယ်ဆေးအသစ်၏ လက်ရှိအသုံးပြုမှုအခြေအနေက ဘယ်လိုရှိသလဲ? | 2024 ခုနှစ်တွင် ကာကွယ်ဆေးအသစ်သည် တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးပါ။ | Annotated by Min Si Thu |
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် မျောက်ကျောက်ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်နေသနည်း? | ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကာကွယ်ဆေးကို ပိုမိုအသုံးပြုနိုင်ရန် ကာကွယ်ဆေးထုတ်လုပ်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ | Annotated by Min Si Thu |
မူလကျောက်ကြီးရောဂါကာကွယ်ဆေးကို လက်ရှိအချိန်တွင် အသုံးပြုနိုင်ပါသလား? | မူလပထမ ကျောက်ကြီးရောဂါကာကွယ်ဆေးသည် ယခုအချိန်တွင် ပြည်သူများအား ထိုးနှံနိုင်မှုမရှိတော့ပါ။ | Annotated by Min Si Thu |
ကျောက်ကြီးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဘယ်အချိန်က ရပ်နားခဲ့သလဲ? | ကျောက်ကြီးရောဂါ ကာကွယ်ဆေးကို ၁၉၈၀ ခုနှစ်နောက်ပိုင်း အချိန်မှစ၍ ရပ်နားလိုက်ပါသည်။ | Annotated by Min Si Thu |
လက်ရှိအချိန်တွင် မည်သူတို့က ကျောက်ကြီးရောဂါကာကွယ်ဆေးအသစ်ကို ထိုးနှံထားပြီးဖြစ်သနည်း? | ဓါတ်ခွဲဝန်ထမ်းတချို့ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများသည် လက်ရှိအချိန်တွင် မကြာသေးမှီက ထုတ်လုပ်ထားသည့် ကျောက်ကြီးရောဂါကာကွယ်ဆေးအား ထိုးနှံထားပြီးဖြစ်ပါသည်။ | Annotated by Min Si Thu |
မျောက်ကျောက်လူနာအများစုတွင် ရောဂါလက္ခဏာများ ပျောက်ကင်းသွားရန် မည်မျှကြာတတ်သနည်း? | ရက်သတ္တပါတ်အနည်းငယ်အတွင်း | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါကြောင့် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများခံစားရနိုင်သူများမှာ မည်သူတို့ဖြစ်သနည်း? | မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ခုခံအားကျဆင်းနေသည့်သူများ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများမှာ အဘယ်နည်း? | အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်းနှင့် မျက်လုံးသို့ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်ခြင်း | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသူတစ်ဦးသည် ဘယ်လောက်ကြာ အခြားသူကို ကူးစက်စေနိုင်သလဲ? | ရောဂါလက္ခဏာခံစားနေရချိန် (ပုံမှန်အားဖြင့် ၂ ပတ်မှ ၄ ပတ်အတွင်း) တွင် အခြားသူကို ကူးစက်စေနိုင်သည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ ဘယ်လိုကူးစက်နိုင်သလဲ? | ရောဂါလက္ခဏာခံစားနေသူကို အနီးကပ် ကိုင်တွယ်ထိတွေ့ခြင်းမှ ကူးစက်နိုင်သည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ ကူးစက်နိုင်သော နည်းလမ်းများကို ဖော်ပြပါ | အနီကွက်၊ ခန္ဓာကိုယ်မှ ထွက်သောအရည်များ၊ အနာဖေးများ၊ ရောဂါဖြစ်ပွားသူ ထိတွေ့ထားသော ပစ္စည်းများ၊ တံတွေး စသည်တို့မှ ကူးစက်နိုင်သည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေ အများဆုံးဖြစ်သူတွေက ဘယ်သူတွေလဲ? | ကျန်းမာရေးဝန်ထမ်းများ၊ အတူနေမိသားစုဝင်များနှင့် လိင်ဆက်ဆံဖက်တို့သည် ကူးစက်ခံရနိုင်ခြေ ပိုများသည်။ | Annotated by Min Si Thu |
ကိုယ်ဝန်ဆောင်မိခင်များမှ သန္ဓေသားသို့ မျောက်ကျောက်ရောဂါ ကူးစက်နိုင်ပါသလား? | ကိုယ်ဝန်ဆောင်မိခင်များ၏ အချင်းတိုင်မှတစ်ဆင့် သန္ဓေသားဆီသို့ ကူးစက်နိုင်ပြီး၊ မီးဖွားချိန်နှင့် မီးဖွားပြီးချိန်တွင်လည်း ကူးစက်နိုင်သည် | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ၏ ထူးခြားချက်က ဘာလဲ? | ပေါင်ခြံ၊ ချိုင်း၊ လည်ပင်း စသည့်နေရာများတွင် အကျိတ်များ ထွက်ပေါ်လာသည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါလက္ခဏာများသည် ဘာနှင့် ဆင်တူသနည်း? | ရေကျောက်ရောဂါနှင့် ဆင်တူသည်။ | Annotated by Min Si Thu |
ရေကျောက်ဖုများနှင့် မျောက်ကျောက်ဖုများ၏ ကွာခြားချက်က ဘာလဲ? | ရေကျောက်ဖုများသည် အမျိုးမျိုးရှိကြပြီး မျောက်ကျောက်ဖုများက အရွယ်တူ၊ ပုံစံတူများသာဖြစ်သည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ၏ အဖုအကွက်များ ဘယ်နေရာတွေမှာ ပိုထွက်လေ့ရှိသလဲ? | မျက်နှာ၊ ခြေ၊ လက်တို့ပေါ်တွင် ပိုထွက်တတ်သည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါကူးစက်ခံရသူများ၏ ဘယ်နှရာခိုင်နှုန်းက မျက်နှာပေါ်တွင် အဖုထွက်လေ့ရှိသလဲ? | ၉၅ ရာခိုင်နှုန်း | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါကူးစက်ခံရသူများ၏ လက်ဖဝါး၊ ခြေဖဝါးပေါ်တွင် အဖုထွက်လေ့ရှိသူ ရာခိုင်နှုန်းက ဘယ်လောက်လဲ? | ၇၅ ရာခိုင်နှုန်း | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါကူးစက်ခံရသူများ၏ ပါးစပ် (ခံတွင်း)တွင် အဖုထွက်လေ့ရှိသူ ရာခိုင်နှုန်းက ဘယ်လောက်လဲ? | ၇၀ ရာခိုင်နှုန်း | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါကူးစက်ခံရသူများ၏ လိင်အင်္ဂါပေါ်တွင် အဖုထွက်လေ့ရှိသူ ရာခိုင်နှုန်းက ဘယ်လောက်လဲ? | ၃၀ ရာခိုင်နှုန်း | Annotated by Min Si Thu |
၂၀၂၂ ခုနှစ်တွင် မျောက်ကျောက်ရောဂါ မည်သည့်နေရာများတွင် ပျံ့နှံ့လာသနည်း? | အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်း၊ ဥရောပ၊ မြောက်အမေရိကနှင့် ကမ္ဘာ့နေရာအနှံ့အပြား | Annotated by Min Si Thu |
မူရင်းတွေ့ရှိခဲ့သော မျောက်ကျောက်ရောဂါသည် မည်သို့ ကူးစက်နိုင်သနည်း? | ရောဂါပိုးရှိသော လူ သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် အရာဝတ္ထုပစ္စည်းများနှင့် အနီးကပ်ထိတွေ့ခြင်း၊ ကိုင်တွယ်ခြင်းဖြင့် ကူးစက်နိုင်သည် | Annotated by Min Si Thu |
၂၀၂၂ ခုနှစ် မေလတွင် မျောက်ကျောက်ရောဂါ မည်သို့ ကူးစက်ပျံ့နှံ့လာသနည်း? | အမျိုးသားအချင်းချင်း လိင်တူဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်လာသည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ၏ မျိုးဗီဇအပြောင်းအလဲသည် မျှော်မှန်းထားသည်ထက် မည်မျှ ပိုမိုမြန်ဆန်သနည်း? | ၁၂ ဆ | Annotated by Min Si Thu |
မည်သူများတွင် မျောက်ကျောက်ရောဂါ ပိုမိုပြင်းထန်သော လက္ခဏာများ ဖြစ်နိုင်သနည်း? | မွေးကင်းစကလေးငယ်များ၊ ကလေးသူငယ်များနှင့် မူလကိုယ်ခံအားနည်းသူများ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါကြောင့် သေဆုံးနိုင်ခြေ ရှိပါသလား? | ရှားရှားပါးပါးအခြေအနေတွင် သေဆုံးနိုင်ကြောင်း သိရသည် | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေ အလွန်မြင့်မားသလား? | မမြင့်မားပါ။ အများပြည်သူအတွက် ကူးစက်နိုင်သောအန္တရာယ် နည်းပါးပါသည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ ကူးစက်ရန် မည်သို့သော ထိတွေ့မှု လိုအပ်သနည်း? | ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ဆက်ဆံရန် လိုအပ်သည်။ ဥပမာ အရေပြားခြင်း ထိတွေ့ခြင်း။ | Annotated by Min Si Thu |
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကို မည်သို့ သတ်မှတ်ထားသနည်း? | ဦးစားပေးရောဂါပိုးတစ်ခုအဖြစ် နှစ်ပေါင်းများစွာကတည်းက သတ်မှတ်ထားသည်။ | Annotated by Min Si Thu |
လက်ရှိ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုသည် ပုံမှန်ဖြစ်ပေါ်နေကျ အခြေအနေ ဟုတ်ပါသလား? | မဟုတ်ပါ။ ပုံမှန်ဖြစ်ပေါ်နေကျ ကူးစက်ပြန့်ပွားမှု အခြေအနေ မဟုတ်ပါ။ | Annotated by Min Si Thu |
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွက် မျောက်ကျောက်နှင့်ပတ်သတ်ပြီး မည်သည့်အရာက ဦးစားပေးဖြစ်သနည်း? | ဗိုင်းရပ်စ်ပိုး မည်ကဲ့သို့ ပြန့်ပွားလာခြင်းနှင့် လူအများပိုမိုကူးစက်ခြင်းမှ ကာကွယ်ရန်တို့ ဖြစ်သည်။ | Annotated by Min Si Thu |
နောက်ထပ်မျောက်ကျောက်ကူးစက်မှုကို ရပ်တန့်ရန် မည်သည့်အရာက အထောက်အကူဖြစ်စေမည်နည်း? | လူထုအား အသိပညာပေးခြင်းသည် နောက်ထပ်ကူးစက်မှုကို ရပ်တန့်ရန်အတွက် အထောက်အကူဖြစ်စေမည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍ မည်သို့သော သတင်းများကို မြင်တွေ့နေရသနည်း? | လူအုပ်စုတစ်ချို့တို့ကို နှိမ်ချ ဆက်ဆံသည့်သတင်းများ၊ ပြောဆိုမှုများကို မြင်တွေ့နေရပါသည်။ | Annotated by Min Si Thu |
မည်သူတို့သည် မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေရှိသနည်း? | မျောက်ကျောက်ရောဂါရှိသူနှင့် ရုပ်ပိုင်းဆိုင်ရာ အနီးကပ်ထိတွေ့ ဆက်ဆံဖူးသူတိုင်းသည် ရောဂါကူးစက်နိုင်ခြေရှိပါသည်။ | Annotated by Min Si Thu |
ရောဂါဖြစ်ခြင်းသည် လူတစ်ဦး၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ဆက်စပ်မှုရှိပါသလား? | ထိုသူက မည်သူမည်ဝါဖြစ်သည်၊ ဘာလုပ်ကိုင်သည်၊ မည်သူနှင့်လိင်ဆက်ဆံသူဖြစ်သည် စသည့်အချက်အလက်များနှင့် ရောဂါဖြစ်ခြင်းတို့မှာ ဆက်စပ်ခြင်း လုံးဝ မရှိပါ။ | Annotated by Min Si Thu |
မကျန်းမာသူများအပေါ် နှိမ်ချဆက်ဆံခြင်းသည် မည်သို့သော အကျိုးဆက်များ ဖြစ်စေသနည်း? | အခြေအနေများကို ပိုမိုဆိုးရွားစေပြီး၊ ရောဂါပျံ့ပွားမှု အမြန်အဆုံးသတ်ရန်ကိုလည်း အဆီးအတားဖြစ်စေပါသည်။ | Annotated by Min Si Thu |
ရောဂါပိုးကူးစက်ခံရသူများနှင့် ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့ဆောင်ရွက်သင့်သနည်း? | ရောဂါပိုးကူးစက်ခြင်းခံရသူ သို့မဟုတ် ရောဂါသည်များကို ပြုစုစောင့်ရှောက်ပေးနေသော မည်သူကိုမဆို ပံ့ပိုးကူညီရန် | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ ဘာကြောင့်ဖြစ်ပွားသလဲ? | မျောက်ကျောက် (Monkeypox) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ ဘယ်လိုကူးစက်သလဲ? | တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်နိုင်သလို လူအချင်းချင်းလည်း ကူးစက်ပြန့်ပွားနိုင်သည်။ | Annotated by Min Si Thu |
မျောက်ကျောက်ရောဂါ ဘယ်နေရာတွေမှာ အတွေ့များသလဲ? | အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသတွေမှာ အတွေ့များသည်။ | Annotated by Min Si Thu |
မျောက်ကျောက်ဗိုင်းရပ်စ်ပိုး သယ်ဆောင်သော တိရစ္ဆာန်များ ဘယ်လိုနေရာမျိုးမှာ ကျက်စားသလဲ? | အပူပိုင်း မိုးသစ်တော ရာသီဥတုရှိသည့် နေရာများတွင် ကျက်စားသည်။ | Annotated by Min Si Thu |
အခြားနိုင်ငံများမှ မျောက်ကျောက်ရောဂါဖြစ်ပွားသူများနှင့် ပတ်သက်၍ ဘာကို တွေ့ရှိရတတ်သလဲ? | အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများသို့ သွားရောက်ခဲ့ခြင်းရှိသည်ကို တွေ့ရှိရတတ်သည်။ | Annotated by Min Si Thu |
MyanmarGPT Movement ဆိုတာဘာလဲ။ | MyanmarGPT Movement ဆိုတာ မြန်မာ့အေအိုင်လှုပ်ရှားမှုတခုဖြစ်ပါတယ်။ ယခု dataset ကလည်း MyanmarGPT Movement တခုဖြစ်ပါတယ်။ | Annotated by Min Si Thu |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.