Dataset Viewer
Auto-converted to Parquet Duplicate
id
stringlengths
13
24
book_id
stringclasses
60 values
book_name
stringclasses
60 values
category
stringclasses
8 values
chapter
stringclasses
497 values
title
stringlengths
0
754k
paragraph_number
int64
0
3.06k
page_number
int64
0
1.23k
type
stringclasses
5 values
text
stringlengths
1
1.75M
01_vinaya_01_0
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
0
0
paragraph
ဝိနည်းပိဋက
01_vinaya_01_1
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
0
0
paragraph
ပါရာဇိကဏ်ပါဠိတော်
01_vinaya_01_2
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
0
0
paragraph
မြန်မာပြန်
01_vinaya_01_3
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
0
0
paragraph
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
01_vinaya_01_4
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
0
0
header_h1
ဝေရဉ္ဇအခန်း
01_vinaya_01_5
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
0
0
header_h2
ဝေရဉ္ဇပုဏ္ဏားအကြောင်း
01_vinaya_01_6
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
1
1
paragraph
၁။ အခါတစ်ပါး၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေရဉ္ဇာမြို့ နဠေရုမည်သော (ဘီလူးသည်သိမ်းဆည်းအပ်သော) တမာပင်အနီး၌ များမြတ်သော ရဟန်းသံဃာ ငါးရာနှင့် အတူ သီတင်းသုံးနေတော်မူ၏။ (ထိုသို့ နေတော်မူသောအခါ) ဝေရဉ္ဇပုဏ္ဏားသည် (ဤဆိုလတ္တံ့သောအတိုင်း) ကြားသိရလေပြီ။ ''အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ဝေရဉ္ဇာမြို့ နဠေရုမည်သော (ဘီလူးသည် သိမ်းဆည်းအပ်သော) တမာပင်အနီး၌ များမြတ်သော ရဟန်းသံဃာ ငါးရာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏။
01_vinaya_01_7
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
1
1
paragraph
ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ'မည်တော်မူ၏။
01_vinaya_01_8
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
1
1
paragraph
အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်ကန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ' မည်တော်မူ၏။
01_vinaya_01_9
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
1
1
paragraph
အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူ၏။
01_vinaya_01_10
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
1
1
paragraph
ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူ၏။
01_vinaya_01_11
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
1
1
paragraph
လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူ၏။
01_vinaya_01_12
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
1
1
paragraph
ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့လွန်မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏။
01_vinaya_01_13
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
1
1
paragraph
နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာ ဒေဝမနုဿာနံ' မည်တော်မူ၏။
01_vinaya_01_14
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
1
1
paragraph
သစ္စာလေးပါးတရားတို့ကို ကိုယ်တိုင် သိ၍ သူတစ်ပါးတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူ၏။
01_vinaya_01_15
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
1
1
paragraph
ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူ၏ဟု (ပျံ့နှံ့၍ ထွက်၏)။
01_vinaya_01_16
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
1
1
paragraph
ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော ဤသတ္တလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။
01_vinaya_01_17
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
1
1
paragraph
ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသောအနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့ သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည် သာတည်း''ဟု (ကြားသိရလေ၏)။
01_vinaya_01_18
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
2
2
paragraph
၂။ ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားအား -
01_vinaya_01_19
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
2
2
paragraph
''အသျှင်ဂေါတမ ဤစကားကို အကျွန်ုပ် ကြားဖူးပါသည်၊ ရဟန်းဂေါတမသည် အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်း မခိုးခရီးဦးလည်း မကြို ထိုင်ရန်နေရာဖြင့် ဖိတ်လည်း မဖိတ်ဟု ကြားဖူးပါသည်။ အသျှင်ဂေါတမ ထို (အကျွန်ုပ်ကြားဖူးသော စကား) သည် ထို (ကြားဖူးသည့်) အတိုင်း မှန်သည်သာတည်း၊ အသျှင်ဂေါတမသည် အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်းမခိုး ခရီးဦးလည်း မကြို ထိုင်ရန် နေရာဖြင့် ဖိတ်လည်း မဖိတ်၊ အသျှင်ဂေါတမ ထို (ရှိခိုးခြင်းစသည်ကို မပြုခြင်း) သည် မသင့်လျှော်သည်သာလျှင်တည်း''ဟု လျှောက်၏။
01_vinaya_01_20
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
2
2
paragraph
ပုဏ္ဏား နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောက၌လည်းကောင်း၊ သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော ဤသတ္တလောက၌လည်းကောင်း ငါသည် ရှိခိုးလည်း ရှိခိုးထိုက် ခရီးဦးလည်း ကြိုထိုက် ထိုင်ရန်နေရာဖြင့် ဖိတ်လည်း ဖိတ်ထိုက်သောသူကို မြင်တော်မမူ၊ ပုဏ္ဏား အကြင်သူကို ငါသည် ရှိခိုးမူလည်း ရှိခိုးငြားအံ့၊ ခရီးဦးမူလည်းကြိုငြားအံ့၊ ထိုင်ရန်နေရာဖြင့် ဖိတ်မူလည်း ဖိတ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည်လည်း ပြတ်ကျရာ၏ဟု (မိန့်တော်မူ၏)။
01_vinaya_01_21
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
3
2
paragraph
၃။ အသျှင်ဂေါတမသည် အရသာကင်းသော သဘောရှိ၏ဟု (ပုဏ္ဏားက ဆို၏)။
01_vinaya_01_22
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
3
2
paragraph
ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် အရသာ ကင်းသောသဘောရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၌ သာယာခြင်း အရသာတို့ကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်ပြီ။ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် အရသာကင်းသော သဘောရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။
01_vinaya_01_23
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
4
3
paragraph
၄။ ''အသျှင်ဂေါတမသည် သုံးဆောင်ခြင်း မရှိ''ဟု (ပုဏ္ဏားက ဆို၏)။
01_vinaya_01_24
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
4
3
paragraph
ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် သုံးဆောင်ခြင်း မရှိ''ဟု ငါ့ကိုပြောဆိုမူ ပြောဆိုနိုင်ရာ၏။ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ရူပါရုံသဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗရုံတို့၌ သုံးဆောင်ခြင်းတို့ကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်ပြီ။ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် သုံးဆောင်ခြင်းမရှိ''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏။ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်း (ဟု မိန့်တော်မူ၏)။
01_vinaya_01_25
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
5
3
paragraph
၅။ ''အသျှင်ဂေါတမသည် မပြုထိုက်ဟူသော အယူ 'အကိရိယဝါဒ' ရှိ၏''ဟု (ပုဏ္ဏားက ဆို၏)။
01_vinaya_01_26
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
5
3
paragraph
ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် မပြုထိုက်ဟူသော အယူ'အကိရိယဝါဒ' ရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏။ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား ငါသည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကိုလည်းကောင်း၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' ကိုလည်းကောင်း၊ စိတ်ဖြင့် ပြုသောမကောင်းသော အကျင့် 'မနောဒုစရိုက်' ကိုလည်းကောင်း မပြုထိုက်ဟု ဟော၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မပြုထိုက်ဟု ဟော၏၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် မပြုထိုက်ဟူသော အယူ 'အကိရိယဝါဒ' ရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင့် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။
01_vinaya_01_27
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
6
3
paragraph
၆။ ''အသျှင်ဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ 'ဥစ္ဆေဒဝါဒ' ရှိ၏''ဟု (ပုဏ္ဏားက ဆို၏)။
01_vinaya_01_28
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
6
3
paragraph
ပုဏ္ဏား အကြင်သို့သော နည်း ပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ'ဥစ္ဆေဒဝါဒ' ရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ငါသည် ရာဂ ဒေါသ မောဟတို့ကို ဖြတ်အပ်သည်ကို ဟော၏။ များပြားသောယုတ်ညံ့သော အကုသိုလ်တရားတို့ကို ဖြတ်အပ်သည်ကို ဟော၏။ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့်''ရဟန်းဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ 'ဥစ္ဆေဒဝါဒ' ရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။
01_vinaya_01_29
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
7
3
paragraph
၇။ ''အသျှင်ဂေါတမသည် စက်ဆုပ်ခြင်းသဘော ရှိ၏''ဟု (ပုဏ္ဏားက ဆို၏)။
01_vinaya_01_30
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
7
3
paragraph
ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် စက်ဆုပ်ခြင်းသဘော ရှိ၏''ဟုငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏားငါသည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကိုလည်းကောင်း၊ နှုတ်ဖြင့် ပြုသောမကောင်းသော အကျင့် 'ဝစီဒုစရိုက်' ကိုလည်းကောင်း၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' ကိုလည်းကောင်း၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းကိုလည်းကောင်း စက်ဆုပ်တော်မူ၏၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် စက်ဆုပ်ခြင်းသဘော ရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။
01_vinaya_01_31
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
8
4
paragraph
၈။ ''အသျှင်ဂေါတမသည် ဖျက်ဆီးတတ်၏''ဟု (ပုဏ္ဏားက ဆို၏)။
01_vinaya_01_32
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
8
4
paragraph
ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏''ဟု ငါ့ကိုပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ငါသည်ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်း ဖျက်ဆီးခြင်းငှါ တရားကိုဟော၏။ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ဖျက်ဆီးခြင်းငှါ တရားကို ဟော၏။ ပုဏ္ဏားဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆို နိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။
01_vinaya_01_33
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
9
4
paragraph
၉။ ''အသျှင်ဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏''ဟု (ပုဏ္ဏားက ဆို၏)။
01_vinaya_01_34
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
9
4
paragraph
ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ငါသည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကိုလည်းကောင်း၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' ကိုလည်းကောင်း၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' ကိုလည်းကောင်း၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကိုလည်းကောင်း ပူပန်စေတတ်သော တရားတို့ဟူ၍ ဟော၏။ ပုဏ္ဏား ပူပန်စေတတ်၍ ယုတ်ညံ့ကုန်သောအကုသိုလ်တရား တို့ကို ပယ်ပြီးသော (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ဖြတ်ပြီးသော (နုတ်ပြီးသော) ထန်းပင်ရာ ကဲ့သို့ ပြုပြီးသော (အသစ်) မဖြစ်ခြင်းကို ပြုပြီးသော နောင်အခါ၌ဖြစ်ခြင်းသဘော မရှိသော သူကို ပူပန်စေတတ်သော အကျင့်ရှိသူဟု ငါဟော၏။ ပုဏ္ဏားမြတ်စွာဘုရားသည် ပူပန်စေတတ်သော ယုတ်ညံ့ သော အကုသိုလ်တရားတို့ကို ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိကုန်ပြီ။ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့်''ရဟန်းဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။
01_vinaya_01_35
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
10
4
paragraph
၁၀။ ''အသျှင်ဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါ မထိုက်''ဟု (ပုဏ္ဏားက ဆို၏)။
01_vinaya_01_36
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
10
4
paragraph
ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါမထိုက်''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား နောင် တစ်ဖန် ပဋိသန္ဓေနေခြင်း ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးသော (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးသော (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးသော (အသစ်) မဖြစ်ခြင်းကိုပြုပြီးသော နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိသောသူကို ပဋိသန္ဓေနေခြင်းမှ ကင်း၏ဟု ငါဟော၏၊ ပုဏ္ဏား မြတ်စွာဘုရားသည် နောင်တစ်ဖန် ပဋိသန္ဓေနေခြင်း ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးပြီ။ (အဝိဇ္ဇာတဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိကုန်ပြီ၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါ မထိုက်''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည် သာတည်းဟု (မိန့်တော်မူ၏)။
01_vinaya_01_37
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
10
4
header_h2
ကြက်ငယ်ဥပမာ
01_vinaya_01_38
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
11
5
paragraph
၁၁။ ပုဏ္ဏား ဥပမာသော်ကား ကြက်မ၌ ရှစ်လုံးသော်လည်းကောင်း၊ ဆယ်လုံးသော်လည်းကောင်း၊ တစ်ဆယ့်နှစ်လုံးသော်လည်းကောင်း ဥတို့သည် ရှိကုန်ရာ၏၊ ထို (ဥ) တို့ကို ကြက်မသည် ကောင်းစွာဝပ်အပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ပေးအပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) ထုံစေအပ်ကုန်၏၊ (ကြက်ဥတို့ အတွင်း၌ တည်သော) ထိုကြက်ငယ်အပေါင်းတို့တွင် ခြေသည်းဖျား နှုတ်သီးဖျားဖြင့် ဥခွံကို ရှေးဦးစွာ ဖောက်ခွဲ၍ ချမ်းချမ်းသာသာ ပေါက်ဖွားလာသော ကြက်ငယ်ကိုအဘယ်သို့ ဆိုအပ်သနည်း၊ အကြီးဟူ၍ ဆိုအပ်သလော၊ သို့မဟုတ် အငယ်ဟူ၍ ဆိုအပ်သလောဟု (မေးတော်မူ၏)။
01_vinaya_01_39
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
11
5
paragraph
အသျှင်ဂေါတမ အကြီးဟူ၍ ဆိုအပ်ပါသည်၊ ထိုကြက်ငယ်အပေါင်းတို့တွင် (ဥခွံကို ဖောက်ခွဲ၍ ရှေးဦးစွာထွက်လာသော) ထို (ကြက်ငယ်) သည် အကြီးဖြစ်ပါ၏ဟု (လျှောက်၏)။
01_vinaya_01_40
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
11
5
paragraph
ပုဏ္ဏား ဤအတူပင် အဝိဇ္ဇာ၌ ရောက်သော (အဝိဇ္ဇာ)ဟူသော ဥ၌ ဖြစ်သော (အဝိဇ္ဇာဟူသောဥခွံဖြင့်) ထက်ဝန်းကျင် မြှေးယှက်အပ်သော သတ္တဝါအပေါင်းတွင် အဝိဇ္ဇာဟူသော ဥခွံကို ဖောက်ခွဲ၍ (ငါ) တစ်ဦးတည်းသာလျှင်လောက၌ အတုမဲ့လွန်မြတ်သော ကိုယ်တိုင် မှန်စွာ သိမြင်သော 'သမ္မာသမ္ဗောဓိ'ဉာဏ်ကို ထိုးထွင်း၍ သိပြီ၊ ပုဏ္ဏား ထိုငါသည်လောကထက် ကြီး၏၊ မြတ်၏။
01_vinaya_01_41
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
11
5
paragraph
ပုဏ္ဏား ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ (ငါ့အား) မေ့လျော့ခြင်းမရှိသော သတိ သည်ထင်ပြီ၊ (ငါ၏) ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေးပြီ၊ (ငါ၏) စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ပြီ၊ ပုဏ္ဏား ထိုငါသည် ကာမဂုဏ်တို့မှ ဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင် ကြံစည်ခြင်း 'ဝိတက်' နှင့်တကွ ဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' နှင့်တကွဖြစ်သော (နီဝရဏ) ဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ'၊ ချမ်းသာခြင်း 'သုခ' ရှိသောပဌမဈာန်သို့ ရောက်၍ နေခဲ့ပြီ။
01_vinaya_01_42
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
11
5
paragraph
ဝိတက် ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း'သမာဓိ' ကို ဖြစ်ပွားစေတတ်သော ကြံစည်ခြင်း 'ဝိတက်' မရှိသော သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' မရှိသောတည်ကြည်ခြင်း 'သမာဓိ' ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ'၊ ချမ်းသာခြင်း 'သုခ' ရှိသော ဒုတိယဈာန့်သို့ ရောက်၍ နေခဲ့ပြီ။
01_vinaya_01_43
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
11
5
paragraph
နှစ်သိမ့်ခြင်း 'ပီတိ' ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း 'သတိ'၊ ဆင်ခြင်ခြင်း 'သမ္ပဇဉ်' နှင့်ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေခဲ့ပြီ၊ ချမ်းသာခြင်း 'သုခ' ကိုလည်း ကိုယ်ဖြင့် ခံစားခဲ့ပြီ၊ အကြင်တတိယဈာန်ကြောင့် ထိုသူ့ကို ''လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူ''ဟု အရိယာ (ပုဂ္ဂိုလ်) တို့သည် ပြောကြားကုန်၏၊ (ထိုငါသည်) ထိုတတိယဈာန်သို့ ရောက်၍ နေခဲ့ပြီ။
01_vinaya_01_44
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
11
5
paragraph
ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း,နှလုံးမသာခြင်း တို့၏ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု 'ဥပေက္ခာ' ကြောင့် ဖြစ်သောသတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေခဲ့ပြီ။
01_vinaya_01_45
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
12
5
paragraph
၁၂။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၍သိသော 'ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၁' အလို့ငှါ စိတ်ကို ရှေးရှု ညွတ်စေခဲ့ပြီ။
01_vinaya_01_46
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
12
5
paragraph
ထိုငါသည် များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၏၊ ဤသည်တို့ကား အဘယ်နည်း - တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကို လည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသောပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည် ရှိခဲ့၏။ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သော အဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏။ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သော အဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏။ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏ဟု ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကိုအောက်မေ့ခဲ့ပြီ။
01_vinaya_01_47
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
12
5
paragraph
ပုဏ္ဏား ငါသည် ညဉ့်ဦး 'ပဌမ' ယာမ်၌ ဤပဌမဖြစ်သော အသိဉာဏ် 'ဝိဇ္ဇာ' ကို ရခဲ့ပြီ၊ မမေ့မလျော့ပြင်းစွာ အားထုတ်လျက်စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော သူအား မသိမှု 'အဝိဇ္ဇာ'ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ'ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင် ပျောက်၍အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။
01_vinaya_01_48
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
12
5
paragraph
ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာ ဥခွံမှ) ငါ၏ပဌမဖောက်ခွဲ ထွက်ပေါ်လာခြင်း ဖြစ်၏။
01_vinaya_01_49
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
13
6
paragraph
၁၃။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို ငါသည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော'စုတူပပါတဉာဏ်'၂ အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။
01_vinaya_01_50
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
13
6
paragraph
ထိုငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသော လားရာရှိသော သတ္တဝါ၊ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏၊ ''အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသောမကောင်းသော အကျင့် 'မနောဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံ ရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရောက်ရာ ငရဲ၌ ဖြစ်ပေါ် ကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ကာယသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ဝစီသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသောကောင်းသော အကျင့် 'မနောသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲခြင်းမှ ကင်းကုန်၏၊ မှန်သော အယူရှိကုန်၏၊ မှန်သောအယူဖြင့် ပြုသောကံ ရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသော လားရာ လူ့ပြည် နတ်ပြည် 'သုဂတိ' ၌ဖြစ်ပေါ်ကုန်၏''ဟု သိ၏။
01_vinaya_01_51
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
13
6
paragraph
ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သောသတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသော လားရာရှိသော သတ္တဝါ၊ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။
01_vinaya_01_52
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
13
6
paragraph
ပုဏ္ဏား ငါသည် သန်းခေါင် 'မဇ္ဈိမ' ယာမ်၌ ဤဒုတိယဖြစ်သော အသိဉာဏ် 'ဝိဇ္ဇာ' ကို ရခဲ့ပြီ၊ မမေ့မလျော့ပြင်းစွာ အားထုတ်လျက်စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအား မသိမှု 'အဝိဇ္ဇာ'ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ'ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင် ပျောက်၍အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။
01_vinaya_01_53
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
13
6
paragraph
ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံအတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာ ဥခွံမှ) ငါ၏ဒုတိယ ဖောက်ခွဲ ထွက်ပေါ်လာခြင်းဖြစ်၏။
01_vinaya_01_54
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
14
7
paragraph
၁၄။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် အာသဝေါတရားတို့ကို ကုန်စေသော'အာသဝက္ခယ' ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။
01_vinaya_01_55
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
14
7
paragraph
ထိုငါသည် ဤကား ဆင်းရဲ 'ဒုက္ခ'ဟုဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏အကြောင်း 'ဒုက္ခသမုဒယ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) 'ဒုက္ခနိရောဓ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းကျင့်စဉ် 'ဒုက္ခနိရောဓဂါမိနီပဋိပဒါ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤသည်တို့ကား ယိုစီးခြင်း 'အာသဝ'တို့ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကား ယိုစီးခြင်း 'အာသဝ' တို့ ဖြစ်ပေါ်ခြင်း၏ အကြောင်း'အာသဝသမုဒယ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကား ယိုစီးခြင်း 'အာသဝ' တို့ ချုပ်ရာ (နိဗ္ဗာန်) 'အာသဝနိရောဓ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကားယိုစီးခြင်း 'အာသဝ' တို့ ချုပ်ရာ (နိဗ္ဗာန်သို့) ရောက်ကြောင်း ကျင့်စဉ် 'အာသဝနိရောဓဂါမိနီပဋိပဒါ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ။ ဤသို့ သိသော် ဤသို့ မြင်သော် ထိုငါ (ဘုရား)၏ စိတ်သည့်ကာမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ အဝိဇ္ဇာသဝမှလည်းလွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက်ပြီးလတ်သော် လွတ်မြောက်ခဲ့လေပြီဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိခဲ့ပြီ။
01_vinaya_01_56
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
14
7
paragraph
ပုဏ္ဏား ငါသည် မိုးသောက် 'ပစ္ဆိမ' ယာမ်၌ ဤတတိယဖြစ်သော အသိဉာဏ် 'ဝိဇ္ဇာ' ကို ရခဲ့ပြီ၊ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက်စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ်'ဝိဇ္ဇာ' ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။
01_vinaya_01_57
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
14
7
paragraph
ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာ ဥခွံမှ) ငါ၏တတိယ ဖောက်ခွဲထွက်ပေါ်လာခြင်း ဖြစ်၏။
01_vinaya_01_58
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
15
8
paragraph
၁၅။ ဤသို့ မိန့်တော်မူသော် ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားအား-
01_vinaya_01_59
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
15
8
paragraph
''အသျှင်ဂေါတမသည် အကြီး ဖြစ်ပါပေ၏၊ အသျှင်ဂေါတမသည် အမြတ် ဖြစ်ပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော် သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကိုလှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ မျက်စိအမြင်ရှိသော သူတို့သည်အဆင်းတို့ကို မြင်ကြလိမ့်မည်ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့ လည်းကောင်းအသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကိုပြတော်မူပါပေ၏။ အသျှင်ဂေါတမ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကို လည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက် ထက်ဆုံးကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ၊ အသျှင်ဂေါတမသည် ရဟန်း သံဃာနှင့် အတူဝေရဉ္ဇာမြို့၌ ဝါဆိုခြင်းကိုလည်း လက်ခံတော်မူပါ''ဟု လျှောက်၏။
01_vinaya_01_60
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
15
8
paragraph
မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေခြင်းဖြင့် (ဝါကပ်ရန်) လက်ခံတော်မူ၏၊ ထိုအခါ ဝေရဉ္ဇ ပုဏ္ဏားသည်မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုး၍အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။
01_vinaya_01_61
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
15
8
paragraph
၁။ ပုဗ္ဗေ = ရှေး၌ + နိဝါသ = နေဖူးသောဘဝ ဖြစ်ဖူးသောဘဝကို + အနုဿတိ = အောက်မေ့၍ + ဉာဏ = သိသောဉာဏ်
01_vinaya_01_62
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ကြက်ငယ်ဥပမာ
15
8
paragraph
၂။ စုတိ = သေခြင်း + ဥပပါတ = ဖြစ်ပေါ်ခြင်း ပဋိသန္ဓေ။
01_vinaya_01_63
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
15
8
header_h2
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
01_vinaya_01_64
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
16
9
paragraph
၁၆။ ထိုစဉ်အခါ ဝေရဉ္ဇာမြို့သည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသောအရိုးရှိ၏၊၁ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန်မလွယ်ကူချေ။
01_vinaya_01_65
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
16
9
paragraph
ထိုအခါ ဥတ္တရာပထတိုင်းသား မြင်းကုန်သည်တို့သည် မြင်းငါးရာတို့နှင့်အတူ ဝေရဉ္ဇာမြို့၌ မိုးခိုကြကုန်၏၊ ထို (မြင်းကုန်သည်) တို့သည် မြင်းဝိုင်းတို့၌ ရဟန်းတို့အား တစ်စလယ် တစ်စလယ်စီသော ရိက္ခာ မုယောဆန်ကို ဝတ်တည်ကြကုန်၏၊ ရဟန်းတို့သည် နံနက်အချိန်၌ (သင်္ကန်းကို) ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ဝေရဉ္ဇာမြို့သို့ ဆွမ်းခံဝင်ကြရာ ဆွမ်းမရကြကုန်သော် မြင်းဝိုင်းတို့၌ ဆွမ်းအတွက်လှည့်လည်၍ တစ်စလယ် တစ်စလယ်စီသော ရိက္ခာမုယောဆန်ကို အရံအတွင်းသို့ ယူဆောင်ခဲ့ကြပြီးလျှင် ဆုံ၌ ထောင်း၍ ထောင်း၍ သုံးဆောင်ကြကုန်၏။
01_vinaya_01_66
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
16
9
paragraph
အသျှင်အာနန္ဒာသည်ကား တစ်စလယ်သော ရိက္ခာမုယောဆန်ကို ကျောက်ပြင်ပေါ်မှာ ကြိတ်ပြီးလျှင် မြတ်စွာဘုရားအား ဆက်ကပ်၏၊ မြတ်စွာဘုရားသည် ထို (မုယောဆန်မှုန့်) ကို သုံးဆောင်တော်မူ၏။
01_vinaya_01_67
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
16
9
paragraph
မြတ်စွာဘုရားသည် ဆုံသံကို ကြားတော်မူ၏၊ မြတ်စွာဘုရားတို့သည် သိလျက်လည်း မေးတော်မူကုန်၏၊ သိလျက်လည်း မေးတော်မမူကုန်၊ အခါကို သိ၍ မေးတော်မူကုန်၏၊ အခါကို သိ၍ မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည် အကျိုးနှင့်စပ်သည်ကို မေးတော်မူကုန်၏၊ အကျိုးနှင့်မစပ်သည်ကို မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည် အကျိုးနှင့် မစပ်သည်တို့ကို မဂ်ဖြင့် ပယ်တော်မူပြီးဖြစ်ကုန်၏၊ ''တရားကိုသော်လည်း ဟောကုန်အံ့၊ တပည့်တို့အား သိက္ခာပုဒ်ကိုသော်လည်း ပညတ်ကုန်အံ့''ဟူသောအကြောင်း နှစ်မျိုးတို့ဖြင့် ဘုန်းတော်ကြီးကုန်သော မြတ်စွာဘုရားတို့သည် ရဟန်းတို့ကို မေးတော်မူကုန်၏။
01_vinaya_01_68
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
16
9
paragraph
ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို ''အာနန္ဒာ ထိုဆုံသံသည် အဘယ်ပြုသော အသံနည်း''ဟု မေးတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤအကြောင်းအရာကိုလျှောက်၏။
01_vinaya_01_69
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
16
9
paragraph
''အာနန္ဒာ ကောင်းစွ၊ ကောင်းစွ၊ သူတော်သူမြတ် ဖြစ်ကုန်သော သင်တို့သည် (အစာ ခေါင်းပါးခြင်း၊ လိုချင်ခြင်း၊ အလိုဆိုးသို့လိုက်ခြင်းကို) အောင်နိုင်ကြကုန်၏၊ နောင်လာ နောက်သားများသည်ကား သလေးသားပြွမ်းဆွမ်းကိုပင် အထင်သေးကြလိမ့်ဦးမည်''ဟု (မိန့်ေတော်မူ၏)။
01_vinaya_01_70
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
17
9
paragraph
၁၇။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား-
01_vinaya_01_71
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
17
9
paragraph
''အသျှင်ဘုရား ယခုအခါ၌ ဝေရဉ္ဇာမြို့သည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။ အသျှင်ဘုရား ဤမြေကြီး၏ အောက်အပြင်သည် ပျားကောင် ပျားဥမရှိသော ပျားရည်ကဲ့သို့ ချိုမြိန်ကောင်းမြတ်၍ သာယာဖွယ်ရှိပါသည်၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်သည် မြေကြီးကို လှန်လိုပါသည်၊ ရဟန်းများသည် အောက်အပြင်ရှိ မြေဆီ မြေလွှာ မြေဩဇာကို သုံးဆောင်ကြရပါလိမ့်မည်''ဟု လျှောက်၏။
01_vinaya_01_72
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
17
9
paragraph
မောဂ္ဂလာန် မြေကြီးကို မှီနေကုန်သော သတ္တဝါတို့ကို အဘယ်သို့ပြုမည်နည်းဟု (မေးတော်မူ၏)။
01_vinaya_01_73
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
17
9
paragraph
အသျှင်ဘုရား အကျွန်ုပ်သည် လက်တစ်ဖက်ကို မြေကြီးကဲ့သို့ ဖန်ဆင်းပါမည်၊ မြေကြီးကို မှီနေကုန်သော သတ္တဝါတို့ကို ထို (မြေကြီးကဲ့သို့ ဖန်ဆင်းထားသော လက်ပေါ်) ၌ ပြောင်းရွှေ့ထားပါမည်၊ လက်တစ်ဖက်ဖြင့် မြေကြီးကို မှောက်လှန်ပါမည်ဟု (လျှောက်၏)။
01_vinaya_01_74
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
17
9
paragraph
မောဂ္ဂလာန် မသင့်လျော်ပေ၊ မြေကြီးကို လှန်ရန် သင် မနှစ်သက် (မလိုလား) လင့်၊ သတ္တဝါတို့သည် အထင်အမြင် ဖောက်ပြန်မှားယွင်းခြင်းသို့လည်း ရောက်ကုန်ရာသည်ဟု (မိန့်တော်မူ၏)။
01_vinaya_01_75
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
17
9
paragraph
အသျှင်ဘုရား တောင်းပန်ပါသည် အားလုံးသော ရဟန်းသံဃာကို မြောက်ကျွန်းသို့ ဆွမ်းခံကြွပါစေဟု (လျှောက်၏)။
01_vinaya_01_76
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
17
9
paragraph
မောဂ္ဂလာန် မသင့်လျော်ပေ၊ အားလုံးသော ရဟန်းသံဃာ၏ မြောက်ကျွန်းသို့ ဆွမ်းခံသွားခြင်းကို သင်မနှစ်သက် (မလိုလား) လင့်ဟု (မိန့်တော်မူ၏)။
01_vinaya_01_77
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
18
10
paragraph
၁၈။ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ပါးတည်း နေစဉ် အသျှင်သာရိပုတြာအား-
01_vinaya_01_78
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
18
10
paragraph
''ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာမတည်လေသနည်း၊ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည်ကြာမြင့်စွာ တည်လေသနည်း''ဟု စိတ်အကြံသည် ဖြစ်ပေါ်၏။
01_vinaya_01_79
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
18
10
paragraph
ထိုအခါ အသျှင်သာရိပုတြာသည် ညနေချမ်းအချိန်၌ တစ်ပါးတည်း နေရာမှ ထ၍ မြတ်စွာဘုရား ထံသို့ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား-
01_vinaya_01_80
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
18
10
paragraph
အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ဦးတည်း နေစဉ် ဘုန်းတော်ကြီးကုန်သောအဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်လေသနည်း၊ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်လေသနည်းဟုအကျွန်ုပ်အား စိတ်အကြံ ဖြစ်ပေါ်ပါသည်၊ အသျှင်ဘုရား ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်ပါသနည်း၊ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်ပါသနည်း''ဟု လျှောက်၏။
01_vinaya_01_81
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
18
10
paragraph
သာရိပုတြာ ဝိပဿီမြတ်စွာဘုရား၏လည်းကောင်း၊ သိခီမြတ်စွာဘုရား၏လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရား၏လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာ မတည်ခဲ့ချေ၊ သာရိပုတြာ ကကုသန်မြတ်စွာဘုရား၏လည်းကောင်း၊ ကောဏာဂုံမြတ်စွာဘုရား၏လည်းကောင်း၊ ကဿပမြတ်စွာဘုရား၏လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာ တည်ခဲ့၏ဟု (မိန့်တော်မူ၏)။
01_vinaya_01_82
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
19
10
paragraph
၁၉။ အသျှင်ဘုရား ဝိပဿီ မြတ်စွာဘုရား၏လည်းကောင်း၊ သိခီ မြတ်စွာဘုရား၏ လည်းကောင်း၊ ဝေဿဘူ မြတ်စွာဘုရား၏လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာ မတည်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။
01_vinaya_01_83
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
19
10
paragraph
သာရိပုတြာ ဝိပဿီ မြတ်စွာဘုရားသည်လည်းကောင်း၊ သိခီ မြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူ မြတ်စွာဘုရားသည်လည်းကောင်း တပည့်တို့အား တရားတော်ကို အကျယ်ဟောတော်မူရန် ကြောင့်ကြမစိုက်ကြကုန်။ ထိုမြတ်စွာဘုရားတို့၏ သုတ် ဂေယျ ဗျာကရုဏ်း ဂါထာ ဥဒါန်း ဣတိဝုတ်ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူခဲ့ချေ၊ (အာဏာ) ပါတိမောက်ကို ပြတော်မမူခဲ့ချေ၊ ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍သစ္စာလေးပါး ကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း အထူးထူးသော အမည် အနွယ် ဇာတ်ရှိကုန်သော အမျိုးတို့မှ ရဟန်းပြုကုန်သော နောင်လာနောက်သားတပည့်တို့သည် ထိုသာသနာတော်ကို လျင်မြန်စွာ ကွယ်ပျောက်စေကုန်၏၊ သာရိပုတြာ ချည်မျှင်ဖြင့်မသီကုံးဘဲ ပျဉ်ပြား ပေါ်၌ တင်ထားသော ပန်းအမျိုးမျိုးတို့ကို ချည်မျှင်ဖြင့် မသီကုံးခြင်းကြောင့်လေသည် ဖရိုဖရဲ ကြဲဖြန့် တိုက်ခတ် မှုတ်လွှင့် ဖျက်ဆီးသကဲ့သို့ ဤဥပမာ အတူသာလျှင် ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရား တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သော အခါ၌လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာ လေးပါးကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သော အခါ၌လည်းကောင်း အထူး ထူးသော အမည် အနွယ် ဇာတ် ရှိကုန်သော အမျိုးတို့မှရဟန်းပြုကုန်သော နောင်လာနောက်သား တပည့်တို့သည် ထိုသာသနာတော်ကို လျင်မြန်စွာသာလျှင် ကွယ်ပျောက်စေကုန်၏။
01_vinaya_01_84
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
19
10
paragraph
ဘုန်းတော်ကြီးကုန်သော ထို (သုံးဆူသော) မြတ်စွာဘုရားတို့သည် တပည့်တို့၏ စိတ်အကြံကို (မိမိ၏) စိတ်ဖြင့် သိတော်မူ၍ ဆုံးမဖို့ရန် ကြောင့်ကြစိုက်ကုန်၏။
01_vinaya_01_85
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
19
10
paragraph
သာရိပုတြာ ရှေး၌ ဖြစ်ဖူးသည်ကား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရား တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝေဿဘူ မြတ်စွာဘုရားသည် ကြောက်မက်ဖွယ် တောအုပ်တစ်ခု၌့ (ရဟန်းတို့၏) စိတ်ကို (မိမိ) စိတ်ဖြင့် သိတော်မူ၍ ''ဤသို့ ကြံကုန်လော့၊ ဤသို့ မကြံကုန်လင့်၊ ဤသို့နှလုံးသွင်းကုန်လော့၊ ဤသို့ နှလုံးမသွင်းကုန်လင့်၊ ဤတရားကို ပယ်ကုန်လော့၊ ဤတရားသို့ ရောက်၍နေထိုင်ကုန်လော့''ဟု ရဟန်းတစ်ထောင်ကို သွန်သင်တော်မူ၏၊ ဆုံးမတော်မူ၏၊ သာရိပုတြာ ထိုအခါဘုန်းတော်ကြီးသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝေဿဘူ မြတ်စွာဘုရားသည် ဤသို့ သွန်သင် ဆုံးမလတ်သော် ထိုရဟန်းတစ်ထောင်၏စိတ်တို့သည် (တဏှာဒိဋ္ဌိတို့ဖြင့်) တစ်စုံတစ်ခုသော အာရုံကို မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်ကုန်၏၊ သာရိပုတြာ ထို (ကြောက်မက်ဖွယ်တောအုပ်ဟူသော စကား) ၌ ရာဂမကင်းသူ တစ်ဦးတစ်ယောက်သည် ထိုတောအုပ်သို့ ဝင်သော် များသောအားဖြင့် ကြက်သီးမွေးညှင်းတို့သည် ထကုန်၏၊ ဤ (ကြက်သီးမွေးညှင်းထခြင်း) သည် ကြောက်မက်ဖွယ်ကောင်းသော ထိုတောအုပ်၏ ကြောက်မက်ဖွယ်ကောင်းသော အဖြစ်တည်း။
01_vinaya_01_86
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
19
10
paragraph
သာရိပုတြာ ဤသည်လျှင် ဝိပဿီ မြတ်စွာဘုရား၏လည်းကောင်း၊ သိခီ မြတ်စွာဘုရား၏လည်းကောင်း၊ ဝေဿဘူ မြတ်စွာဘုရား၏လည်းကောင်း သာသနာတော် ကြာမြင့်စွာ မတည်ခြင်း၏ အကြောင်းပေတည်း၊ ဤသည်လျှင် ကြာမြင့်စွာ မတည်ခြင်း၏ အထောက်အပံ့ပေတည်းဟု (မိန့်တော်မူ၏)။
01_vinaya_01_87
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
20
11
paragraph
၂၀။ အသျှင်ဘုရား ကကုသန် မြတ်စွာဘုရား၏လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရား၏လည်းကောင်း၊ ကဿပ မြတ်စွာဘုရား၏လည်းကောင်း သာသနာတော် ကြာမြင့်စွာ တည်ခြင်း၏အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။
01_vinaya_01_88
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
20
11
paragraph
သာရိပုတြာ ကကုသန် မြတ်စွာဘုရားသည်လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရားသည်လည်းကောင်း၊ ကဿပ မြတ်စွာဘုရားသည်လည်းကောင်း တပည့်တို့အား တရားတော်ကို အကျယ်ဟောတော်မူရန် ကြောင့်ကြ စိုက်တော်မူကုန်၏၊ ထိုမြတ်စွာဘုရားတို့၏ သုတ် ဂေယျ ဗျာကရုဏ်း ဂါထာ ဥဒါန်းဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လတို့သည် များပြားကုန်၏၊ တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏၊ ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သော အခါ၌လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာလေးပါးကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း အထူးထူးသော အမည် အနွယ် ဇာတ် ရှိကုန်သော အမျိုးတို့ မှ ရဟန်းပြုကုန်သော နောင်လာ နောက်သားတပည့် တို့သည် ထိုသာသနာတော်ကို ကြာမြင့်စွာသော ကာလပတ်လုံး တည်စေကုန်၏၊ သာရိပုတြာချည်မျှင်ဖြင့် သီကုံး၍ ပျဉ်ပြားပေါ်၌ တင်ထားသော ပန်းအမျိုးမျိုးတို့ကို ချည်မျှင်ဖြင့် သီကုံး၍ထားခြင်းကြောင့် လေသည် ဖရိုဖရဲ မကြဲဖြန့် မတိုက်ခတ် မမှုတ်လွှင့် မဖျက်ဆီးနိုင် သကဲ့သို့၊ ဤဥပမာအတူသာလျှင် ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာလေးပါးကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ် ပျောက်သော အခါ၌လည်းကောင်း၊ အထူးထူးသော အမည် အနွယ် ဇာတ်ရှိကုန်သော အမျိုးတို့မှ ရဟန်းပြုကုန်သော နောင်လာနောက်သား တပည့်တို့သည် ထိုသာသနာတော်ကိုကြာမြင့်စွာသော ကာလ ပတ်လုံး တည်စေကုန်၏။ သာရိပုတြာ ဤသည်ကားကကုသန်မြတ်စွာဘုရား၏လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရား၏လည်းကောင်း၊ ကဿပမြတ်စွာဘုရား၏လည်းကောင်း သာသနာတော် ကြာမြင့်စွာတည်ခြင်း၏ အကြောင်းပေတည်း၊ ဤသည်လျှင် ကြာမြင့်စွာတည်ခြင်း၏ အထောက်အပံ့ပေတည်းဟု (မိန့်တော်မူ၏)။
01_vinaya_01_89
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
20
11
paragraph
၁။ သေတဋ္ဌိကာ ရှိသည့်အရ ပြန်သည်၊ သေတဋ္ဋိကာရှိလျှင် ကောက်ပင်များ ပိုးဖျက်ခံရ၏ဟုပြန်။
01_vinaya_01_90
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
20
11
header_h2
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
01_vinaya_01_91
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
21
13
paragraph
၂၁။ ထိုအခါ အသျှင်သာရိပုတြာသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပုခုံးထက်၌ ကိုယ်ဝတ်ကိုစံပယ်တင်လျက် မြတ်စွာဘုရားရှိတော်မူရာသို့ လက်အုပ်ချီ ရှိခိုး၍ မြတ်စွာဘုရားအား-
01_vinaya_01_92
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
21
13
paragraph
''ဤသာသနာတော် ကြာမြင့်စွာ တည်ရန် မြတ်စွာဘုရားသည် တပည့်တို့အား အကြင် သိက္ခာပုဒ်ကို ပညတ်တော်မူရာ၏၊ အကြင် ပါတိမောက်ကို ပြတော်မူရာ၏၊ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားထို သိက္ခာပုဒ်ကို ပညတ်တော်မူရန် အချိန်တန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား ထိုပါတိမောက်ကို ပြတော်မူရန် အချိန်တန်ပါပြီ''ဟု လျှောက်၏။
01_vinaya_01_93
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
21
13
paragraph
သာရိပုတြာ သင် ဆိုင်းငံ့ဦးလော့၊ သာရိပုတြာ သင် ဆိုင်းငံ့ဦးလော့၊ မြတ်စွာဘုရားသည်သာလျှင် ထို (သိက္ခာပုဒ် ပညတ်ခြင်း ပါတိမောက်ပြခြင်း) ၌ အချိန်ကို သိတော်မူလိမ့်မည်၊ သာရိပုတြာ ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ထင်ရှား မဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူချေ၊ (အာဏာ) ပါတိမောက်ကို ပြတော်မမူချေ။
01_vinaya_01_94
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
21
13
paragraph
သာရိပုတြာ ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရှိရာကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှားဖြစ်ပေါ်လာသော အခါ အာသဝေါတရားလျှင် တည်ရာရှိကုန်သော ထို (လွန်ကျူးမှု) တရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အားသိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။
01_vinaya_01_95
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
21
13
paragraph
သာရိပုတြာ သံဃာသည် ညဉ့်အများကို သိသော (ဝါရင့်သည့်) ရဟန်း များပြားသည်၏ အဖြစ်သို့မရောက်သေးသမျှ ကာလပတ်လုံး ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သောအချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး၊ သာရိပုတြာ သံဃာသည်ညဉ့်အများကို သိသော (ဝါရင့်သည့်) ရဟန်း များပြားသည်၏ အဖြစ်သို့ ရောက်သော အခါ၌မူကား ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည်သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ထိုအခါ အာသဝေါတရားလျှင် တည်ရာရှိကုန်သောထို (လွန်ကျူးမှု) တရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အားသိက္ခာပုဒ်ကို ပညတ် တော်မူ၏။ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။
01_vinaya_01_96
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
21
13
paragraph
သာရိပုတြာ သံဃာသည် ပြန့်ပြောများပြားသည်၏ အဖြစ်သို့ မရောက်သေးသမျှ ကာလပတ်လုံးဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည်သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး၊ သာရိပုတြာ သံဃာသည် ပြန့်ပြောများပြားသည်၏ အဖြစ်သို့ရောက်သော အခါ၌မူကား ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ထိုအခါ အာသဝေါတရားလျှင် တည်ရာ ရှိကုန်သော ထို (လွန်ကျူးမှု) တရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည်တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။
01_vinaya_01_97
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
21
13
paragraph
သာရိပုတြာ သံဃာသည် လာဘ်များသည်၏ အဖြစ်သို့ မရောက်သေးသမျှ ကာလပတ်လုံး ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည်သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး၊ သာရိပုတြာ သံဃာသည် လာဘ်များသည်၏ အဖြစ်သို့ ရောက်သော အခါ၌မူကား ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ထိုအခါ အာသဝေါတရားလျှင် တည်ရာရှိကုန်သော ထို (လွန်ကျူးမှု) တရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။
01_vinaya_01_98
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
21
13
paragraph
သာရိပုတြာ သံဃာသည် အကြားအမြင် (ဗဟုသုတ) များပြားသည်၏ အဖြစ်သို့ မရောက်သေးသမျှကာလပတ်လုံး ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး၊ သာရိပုတြာ သံဃာသည် အကြားအမြင် (ဗဟုသုတ) များပြားသည်၏ အဖြစ်သို့ ရောက်သော အခါ၌မူကား၊ ဤ (သာသနာတော်) ၌အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ထိုအခါ အာသဝေါတရားလျှင် တည်ရာရှိကုန်သော ထို (လွန်ကျူးမှု) တရားတို့ကိုပယ်ဖျောက်ခြင်း အကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။
01_vinaya_01_99
01_vinaya_01
ပါရာဇိကဏ်
ဝိနယပိဋက (ခုဒ္ဒကနိကာယ)
ဝေရဉ္ဇအခန်း
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
21
13
paragraph
သာရိပုတြာ (ယခုအခါ) ရဟန်းသံဃာသည် (ဒုဿီလဟူသော) အမြှုပ်မှကင်း၏၊ အပြစ်မှကင်း၏၊ အမည်းအညစ်မှ ကင်း၏၊ စင်ကြယ်၏၊ (သီလစသော) အနှစ်၌ တည်၏၊ သာရိပုတြာ ဤရဟန်း ငါးရာတို့တွင် အညံ့ဆုံးရဟန်းသည် အပါယ်သို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ် သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်၏ဟု (မိန့်တော်မူ၏)။
End of preview. Expand in Data Studio

Myanmar Tipitaka Translation (60 Books)

This dataset contains the complete Myanmar (Burmese) translation of the Tipitaka (Pali Canon), together with the major Atthakatha (Commentaries) and the Visuddhimagga.

The texts have been converted into a clean, structured JSONL format, suitable for:

  • Natural Language Processing (NLP)
  • LLM Training & Fine-tuning
  • Digital Humanities Research
  • Dhamma Study Applications

📊 Dataset Statistics

  • Total Books: 60
  • Total Content Lines: 194,730
  • Language: Myanmar (Unicode)
  • Format: JSONL
  • Composition:
    • 46 Books: Tipitaka (Canon)
    • 14 Books: Commentaries & Treatises

⚖️ License & Philosophy

License: CC0 1.0 Universal (Public Domain)

I have chosen this universal license because the Dhamma taught by the Lord Buddha is a universal message for all human beings, regardless of race, nation, or creed. The Truth belongs to no one and everyone.

"The gift of Dhamma excels all other gifts." — (Dhammapada, 354)

You are free to use this dataset for any purpose, including commercial use, without restriction.

🙏 Credits, Acknowledgements & Dedication

Namo Tassa Bhagavato Arahato Sammasambuddhassa

This dataset is a digital tribute to the profound wisdom preserved by the Noble Order of the Sangha. All merit and credit for this work belong to the Great Teachers and the devoted community who have protected these teachings through the ages.

We offer our deepest homage and gratitude to:

  1. The Venerable Sayadaws and Mahatheras: The distinguished monks and learned scholars who, with great wisdom and compassion, translated the profound Pali Canon into the Myanmar language.
  2. The Custodians of the Texts: The dedicated monks and lay devotees who facilitated the Sixth Buddhist Council (Chattha Sangayana) and other historic councils to purify and preserve the texts.
  3. The Digital Dhammaduta (Volunteers): The countless unsung heroes—scanners, typists, proofreaders, and editors—who tirelessly converted physical palm-leaf manuscripts and printed books into digital text. Without their immense effort in typing and scanning, this dataset would not exist.
  4. The Open Source Maintainers: Special gratitude to pndaza and contributors. Their technical dedication to maintaining the digital Tipitaka files provided the foundation for this JSONL conversion.

Dataset Creator:

  • freococo: I am merely a humble language enthusiast who fell in love with the beauty of these texts. My only role was to convert these sacred teachings into a machine-readable format to assist in preservation and study. I claim no ownership over this wisdom; I am simply a bridge between the ancient texts and modern technology.

May this work contribute to the longevity of the Sasana.

💻 How to Use & Filter

You can load the dataset using the Hugging Face datasets library. Since the Canon and Commentaries are labeled in the category field, you can easily filter them.

from datasets import load_dataset

# 1. Load the full dataset
dataset = load_dataset("freococo/tipitaka_myanmar_translation_books", split="train")

# 2. Filter for Canon only (The 46 Tipitaka Books)
# We exclude items where the category contains "အဋ္ဌကထာ" (Commentary)
canon_only = dataset.filter(lambda x: "အဋ္ဌကထာ" not in x['category'])

# 3. Filter for Commentaries only (The 14 Atthakatha Books)
commentaries = dataset.filter(lambda x: "အဋ္ဌကထာ" in x['category'])

# Print stats
print(f"Total rows: {len(dataset)}")
print(f"Canon rows: {len(canon_only)}")
print(f"Commentary rows: {len(commentaries)}")

📂 Data Structure

Each row represents a paragraph or a heading.

{
  "id": "01_vinaya_01_2674",
  "book_id": "01_vinaya_01",
  "book_name": "ပါရာဇိကဏ်",
  "category": "ဝိနယပိဋက (ခုဒ္ဒကနိကာယ)",
  "chapter": "၂-သံဃာဒိသိသ် အခန်း",
  "text": "ထို (စောဒကရဟန်း) သည် ''ပါရာဇိကအာပတ်သို့ ရောက်ဆဲဖြစ်သော ရဟန်းကို မြင်အပ်၏..."
}

📚 Full Book List (60 Items)

This dataset includes the following 60 books, processed and verified:

  1. 01_vinaya_01 - ပါရာဇိကဏ် (Parajika)
  2. 01_vinaya_02 - ပါစိတ် (Pacittiya)
  3. 01_vinaya_03 - မဟာဝါ (Mahavagga)
  4. 01_vinaya_04 - စူဠဝါ (Cullavagga)
  5. 01_vinaya_05 - ပရိဝါ (Parivara)
  6. 02_digha_01 - သီလက္ခန် (Silakkhandha Vagga)
  7. 02_digha_02 - သုတ်မဟာဝါ (Maha Vagga)
  8. 02_digha_03 - ပါထိက (Pathika Vagga)
  9. 03_majjhima_01 - မူလပဏ္ဏာသ (Mulapannasa)
  10. 03_majjhima_02 - မဇ္ဈိမပဏ္ဏာသ (Majjhimapannasa)
  11. 03_majjhima_03 - ဥပရိပဏ္ဏာသ (Uparipannasa)
  12. 04_sanyutta_01 - သဂါထာဝဂ္ဂသံယုတ် (Sagatha Vagga)
  13. 04_sanyutta_02 - နိဒါနဝဂ္ဂသံယုတ် (Nidana Vagga)
  14. 04_sanyutta_03 - ခန္ဓဝဂ္ဂသံယုတ် (Khandha Vagga)
  15. 04_sanyutta_04 - သဠာယတနဝဂ္ဂသံယုတ် (Salayatana Vagga)
  16. 04_sanyutta_05 - မဟာဝဂ္ဂသံယုတ် (Maha Vagga)
  17. 05_anguttara_01 - ဧကကနိပါတ် (Ekaka Nipata)
  18. 05_anguttara_02 - ဒုကနိပါတ် (Duka Nipata)
  19. 05_anguttara_03 - တိကနိပါတ် (Tika Nipata)
  20. 05_anguttara_04 - စတုက္ကနိပါတ် (Catukka Nipata)
  21. 05_anguttara_05 - ပဉ္စကနိပါတ် (Pancaka Nipata)
  22. 05_anguttara_06 - ဆက္ကနိပါတ် (Chakka Nipata)
  23. 05_anguttara_07 - သတ္တကနိပါတ် (Sattaka Nipata)
  24. 05_anguttara_08 - အဋ္ဌကနိပါတ် (Atthaka Nipata)
  25. 05_anguttara_09 - နဝကနိပါတ် (Navaka Nipata)
  26. 05_anguttara_10 - ဒသကနိပါတ် (Dasaka Nipata)
  27. 05_anguttara_11 - ဧကာဒသကနိပါတ် (Ekadasaka Nipata)
  28. 06_khuddaka_01 - ခုဒ္ဒကပါဌ (Khuddakapatha)
  29. 06_khuddaka_02 - ဓမ္မပဒ (Dhammapada)
  30. 06_khuddaka_03 - ဥဒါန်း (Udana)
  31. 06_khuddaka_04 - ဣတိဝုတ် (Itivuttaka)
  32. 06_khuddaka_05 - သုတ္တနိပါတ် (Suttanipata)
  33. 06_khuddaka_06 - ဝိမာနဝတ္ထု (Vimanavatthu)
  34. 06_khuddaka_07 - ပေတဝတ္ထု (Petavatthu)
  35. 06_khuddaka_08 - ထေရဂါထာ (Theragatha)
  36. 06_khuddaka_09 - ထေရီဂါထာ (Therigatha)
  37. 06_khuddaka_10 - အပဒါန် (ပ) [ထေရ] (Apadana 1)
  38. 06_khuddaka_11 - အပဒါန် (ဒု) [ထေရ+ထေရီ] (Apadana 2)
  39. 06_khuddaka_12 - ဗုဒ္ဓဝံသ (Buddhavamsa)
  40. 06_khuddaka_13 - စရိယာပိဋက (Cariyapitaka)
  41. 06_khuddaka_18 - ပဋိသမ္ဘိဒါမဂ် (Patisambhidamagga)
  42. 06_khuddaka_19 - မိလိန္ဒပဉှာ (Milindapanha)
  43. 07_abhidhamma_01 - ဓမ္မသင်္ဂဏီ (Dhammasangani)
  44. 07_abhidhamma_02 - ဝိဘင်း (Vibhanga)
  45. 07_abhidhamma_03 - ပုဂ္ဂလပညတ် (Puggalapannatti)
  46. 07_abhidhamma_05 - ကထာဝတ္ထု (Kathavatthu)
  47. 08_dhammapada_01 - ဓမ္မပဒအဋ္ဌကထာ-ပ (Dhammapada Commentary 1)
  48. 08_dhammapada_02 - ဓမ္မပဒအဋ္ဌကထာ-ဒု (Dhammapada Commentary 2)
  49. 08_jataka_01 - ဇာတကအဋ္ဌကထာ-ပ (Jataka Commentary 1)
  50. 08_jataka_02 - ဇာတကအဋ္ဌကထာ-ဒု (Jataka Commentary 2)
  51. 08_jataka_03 - ဇာတကအဋ္ဌကထာ-တ (Jataka Commentary 3)
  52. 08_jataka_04 - ဇာတကအဋ္ဌကထာ-စ (Jataka Commentary 4)
  53. 08_jataka_05 - ဇာတကအဋ္ဌကထာ-ပဉ္စ (Jataka Commentary 5)
  54. 08_jataka_06 - ဇာတကအဋ္ဌကထာ-ဆ (Jataka Commentary 6)
  55. 08_jataka_07 - ဇာတကအဋ္ဌကထာ-သတ္တ (Jataka Commentary 7)
  56. 08_visuddhimagga_00 - ဝိသုဒ္ဓိမဂ် နိဒါန်း (Visuddhimagga Intro)
  57. 08_visuddhimagga_01 - ဝိသုဒ္ဓိမဂ် မြန်မာပြန်-ပ (Visuddhimagga Vol 1)
  58. 08_visuddhimagga_02 - ဝိသုဒ္ဓိမဂ် မြန်မာပြန်-ဒု (Visuddhimagga Vol 2)
  59. 08_visuddhimagga_03 - ဝိသုဒ္ဓိမဂ် မြန်မာပြန်-တ (Visuddhimagga Vol 3)
  60. 08_visuddhimagga_04 - ဝိသုဒ္ဓိမဂ် မြန်မာပြန်-စ (Visuddhimagga Vol 4)

Disclaimer: These texts are religious and philosophical in nature, reflecting traditional Theravada Buddhist scholarship. Users are encouraged to apply care, respect, and contextual awareness when using these texts. ```

Downloads last month
13